“ဗုံကွဲသံ တွေ၊ သေနတ်သံတွေ ဆူညံနေတာပဲ၊ ကျွန်မတို့အိမ်ဝင်းထဲမှာလည်း သေနတ်ကျည်ဆန်တွေ လာကျ တယ်။ ရဲစခန်းကိုလည်း ဝင်ပစ်သွားတယ်လို့ ပြော တယ်။ ကျွန်မတအိမ်သားလုံး အိမ်ထဲမှာပဲနေတာ၊ ကြောက် လို့ ဘယ်သူမှ အပြင်မ ထွက်ရဲဘူး။”
အစိုး ရစစ်တပ်က ပေါ်တာဆွဲမှာကိုကြောက်လို့ မြို့ထဲက လူငယ်အများစုဟာ ထွက်ပြေးပုန်းရှောင်နေပြီး သက် ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ မိန်းကလေးတွေက တော့ လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်လို့လည်း ဒေသခံက ပြောပါတယ်။
“နယ်စပ်ကိုထွက် ပြေးဖို့က ဝေးကဝေးတာနဲ့၊ သွားရင်လည်း၊ တရုတ်တွေက သူတို့နယ်ထဲကို အဝင်မခံဘူးတဲ့၊ နယ်စပ်မှာရောက်နေတဲ့လူတွေလည်း ဒုက္ခရောက် ပြီး အခြေအနေတွေ ပိုဆိုးတာတွေပဲ ကြားနေရတယ်။ ကျွန်မတို့လည်း ဘာလုပ်ရ မှန်းကို မသိတော့ဘူး။”
မန်စီမြို့ကို အစိုးရတပ်ဘက်က တပ်ရင်း ၃ ရင်း ထပ်ပို့လိုက်ပြီဆိုတဲ့ သတင်းတွေလည်း မြို့တွင်းမှာ ပျံ့နေပြီး မြို့လူထုက ပိုပြီးစိုးရိမ်နေတယ်လို့လည်း သိရပါတယ်။
မန်စီမြို့ အနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်နေပြီး ဒီလ ၄ ရက်နေ့ကလည်း မန်စီမြို့ နဲ့ ၃ မိုင်လောက်အကွာရှိ ရှန်းထောက်ရွာမှာ ကျောင်းကပြန်လာတဲ့ ကျောင်းသား တွေကို အကာကွယ်ယူပြီး တက်လာတဲ့ အစိုးရစစ်တပ်နဲ့ ကေအိုင်အေတပ်တို့ တိုက် ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျောင်း အုပ်ကြီးလည်း အခြေအနေမကောင်းလို့ ကျာင်းသားတွေအားလုံးကို အိမ်ပြန်လွှတ်လိုက်တယ်။ မင်္ဂလာဆောင်ပွဲရှိတာလည်း ဘယ်သူမှမလာလို့ ဖျက် လိုက်ရတယ်။ ကျမတို့လည်း ထွက်ပြေးရမလား၊ ဒီအတိုင်းပဲ အိမ်မှာပုန်းနေရမလား၊ ဘာလုပ်ရမှန်းကိုမသိတော့ဘူး။ အခြေအနေကတော့ ပိုးဆိုးလာတော့မယ့်ပုံပါပဲ” လို့ ဒေသခံ ကချင်အမျိုးသမီးတဦးက ပြောပါတယ်။
Source by Source by DVB"
No comments:
Post a Comment