ဗိုလ်မှူး စိုင်းလောဝ်ဆိုင်
ရှမ်း ပြည်နယ်အစိုးရက ရှမ်းပြည်တောင်ပိုင်း ဌာနေပြည်သူ့စစ်ခေါင်းဆောင်တွေကနေတဆင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း က ကမ်းလှမ်းခဲ့တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောပါတယ်။
“မပြေလည်သေး တဲ့ ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့အတွက် ကျနော်တို့ကတော့ ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရတွေကို ပန်ကြားထားတာတွေ ရှိပါတယ်။ဒီလိုကမ်းလှမ်း လာတာကို ကျနော်တို့ကလည်း တရားဝင်ကိုယ်စားလှယ်တွေနဲ့ တရားဝင်ပုံစံမျိုးနဲ့ ကမ်းလှမ်းလာတာမျိုးကိုတော့ လိုလားပါတယ်။ အစိုးရဘက်က လိုလားချက်တွေ ဆန္ဒသဘောထားတွေကို လေ့လာကြည့်ပြီးမှ ကျနော်တို့ဘက်က လိုလားတဲ့ အေးချမ်းသာယာရေး ကိစ္စတွေကို ပြောသွားမှာပါ။”
ပြီးခဲ့တဲ့ စက်တင်ဘာလအစောပိုင်းကလည်း သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ် အမိန့်ထုတ်ပြန်ချက်ကို ကိုးကားပြီး ထိုင်းအမျိုးသားလုံခြုံရေးကောင်စီဘက်ကလည်း ငြိမ်းချမ်းရေးလုပ်ဖို့ မေးမြန်းခဲ့သေးတယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။
အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ တဖွဲ့ချင်းနဲ့ပဲ ဆွေးနွေးသည်ဖြစ်စေ ၊ အစုအဖွဲ့နဲ့ပဲဆွေးနွေးသည် ဖြစ်စေ ကြားကနေ ပါဝင်ညှိနှိုင်းပေးမယ့်သူ ပါပါ မပါပါ အဓိကကတော့ ထွက်လာတဲ့ရလဒ်ပေါ်မှာပဲ မူတည်ပြီး ဒီရ လဒ်ဟာ အစိုးရစေတနာပေါ်မှာ မူတည်တယ်လို့ သူက ပြောပါတယ်။
ရှမ်း ပြည်တိုးတက်ရေးပါတီကတော့ သူတို့အဖွဲ့ဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဝင် ဖြစ်တဲ့အတွက် တဖွဲ့ချင်းအနေနဲ့ ဆွေးနွေးမှာမဟုတ်ဘဲ UNFC အနေနဲ့ပဲ ဆွေးနွေးမယ်လို့ ပါတီပြောခွင့်ရ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။
လက်နက်စွဲကိုင်တိုက်ခိုက် နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ သမ္မတဦးသိန်းစိန်က ဩဂုတ် ၁၈ ရက်နေ့မှာ အမိန့်ထုတ်ပြန်ခဲ့ပြီး ပြည်နယ်အစိုးရတွေကို ဖော်ဆောင်ခိုင်းထားပါတယ်။
အင်အားအကြီး ဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ မိုင်းလားအဖွဲ့ကို ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေက ဆွေးနွေးခဲ့ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ကို ပြည်နယ်အဆင့် ငြိမ်းချမ်းရေးကိုယ်စား လှယ်တွေ စေလွှတ်ဆွေးနွေးခဲ့ပါတယ်။
မရှေးမ နှောင်းမှာဘဲ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တပ်မတော်၊ ကရင်အမျိုးသားအစည်းအရုံး စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို သက်ဆိုင်ရာ ပြည်နယ်တွေက အစိုးရကိုယ်စားလှယ်တွေက ကမ်းလှမ်းနေတာဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီက တော့ မွန်ပြည်နယ်အစိုးရနဲ့ ဆွေးနွေးတဲ့အခါ သူတို့တဖွဲ့တည်းအနေနဲ့ မဟုတ်ဘဲ UNFC (ညီညွတ် သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ) နဲ့ပဲ ဆွေးနွေးဖို့ သဘောထားရပ်တည်ချက် ရှိ တယ်လို့ ပါတီပြောခွင့်ရသူ နိုင်ဟံသာက ပြောပါတယ်။
ခုလာမယ့် သီတင်းပတ်အတွင်း မွန်ပြည်နယ်အစိုးရဘက်က ကိုယ်စားလှယ်နဲ့ မွန်ပြည်သစ်ပါတီက ကိုယ်စားလှယ်တွေ တွေ့ဆုံကြဖို့ပြင်ဆင်နေပြီး တွေမယ့်အချိန်နဲ့ နေရာ ထုတ်ပြောနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
Source by Source by DVB"
No comments:
Post a Comment