Tuesday, November 1, 2011

KNU၊ DKBA တို့ အစိုးရနှင့် ဆွေးနွေး

ကရင်အမျိုးသား အစည်းအရုံး KNU နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး DKBA တို့ သည် ယခုလအတွင်း အစိုးရ ကိုယ်စားလှယ်များအား ထိုင်းနိုင်ငံ ဘန်ကောက် နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ တို့ တွင် တွေ့ဆုံခဲ့ကြောင်း ကာယကံရှင်များက ပြောသည်။


ကရင်အမျိုးသား အစည်းအရုံး KNU နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး DKBA တို့သည် ယခုလအတွင်း အစိုးရကိုယ်စားလှယ်များနှင့် ဆွေးနွေး

KNU နှင့် တွေ့ဆုံမှုတွင် သဘောတူညီမှု တစုံတရာ မရှိသော်လည်း DKBA နှင့် ဆွေးနွေးရာတွင်မူ လတ် တ လောနှစ်ဘက်တပ်များကို တပ်ထိုင်နယ်မြေမှ အဝေးသို့ လှုပ်ရှားမှုများ မပြုရန် သဘော တူခဲ့ကြသည်။ KNU က
အောက်တိုဘာ လဆန်းတွင် ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း၊ ဗိုလ်ချုပ် (ငြိမ်း) ချစ်သန်းတို့ နှင့် ဘန် ကောက်မြို့တွင် တွေ့ခဲ့ကြောင်း KNU အရာရှိတဦးက မဇ္ဈိမသို့ ပြောသော် လည်း အသေးစိတ်ကိုမူ ပြောဆိုခြင်း မရှိပါ။
သမ္မတ ဦးသိန်းစိန် ထုတ်ပြန်ထားသကဲ့သို့ တဖွဲ့ချင်းသာ ပြည်နယ်အဆင့် အစိုးရများကို ဆက်သွယ်ရန် ဦးအောင် မင်း နှင့် အဖွဲ့ကပြောဆိုပြီး KNU ကမူ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေ ဖြင့်သာဆွေးနွေးမည်ဟု ပြန်ကြားလိုက်သည်ဟု ဆိုသည်။

“တွေ့တော့ တွေ့တယ်။တိတိကျကျတော့ ဘာမှမပြောရသေးဘူးပေါ့။ (KNU) က ဖြစ်စေချင်တာကတော့ UNFC နဲ့ တွေ့ဖို့ပေါ့။ သူတို့ကတော့ တဖွဲ့ချင်းနဲ့ တွေ့ဆုံချင်တာပေါ့။” ဟု KNU အရာရှိက ပြောသည်။

ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းမှာ အစိုးရအဖွဲ့တွင်း သဘောထား ပျော့ပြောင်းသူအဖြစ် ညွှန်းဆိုခံ ရ လေ့ ရှိပြီး အငြိမ်းစား ဗိုလ်ချုပ်ချစ်သန်းမှာ ကရင်ရေးရာတွင် ကျွမ်းကျင်သူ တဦး ဖြစ်သည်။ ဦးအောင်မင်းသည် စ နေနေ့ ကပြုလုပ်သော ပြည်တော်ပြန် သီးလေးသီး အဖွဲ့သားအချို့ပါဝင်သော မျှော်စင်ကျွန်း ဖျော်ဖြေပွဲသို့ သွား ရောက် ခဲ့သေးသည်။

ဦးအောင်မင်း၏ ဘန်ကောက် ခရီးစဉ်တွင် စီးပွားရေး လုပ်ငန်းရှင်များလည်း လိုက်ပါလာရာ တနင်္သာရီတိုင်း ထား ဝယ်မြို့တွင် အီတာလျံ-ထိုင်းကုမ္ပဏီက အကောင်အထည် ဖော်မည့် ထားဝယ်ဖွံ့ဖြိုးမှုစီမံကိန်း နှင့်လည်းပတ် သက် နိုင်သည်ဟု လေ့လာသူများက သုံးသပ်ထားကြသည်။ ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်းအောက်ရှိ ထားဝယ်-ကန် ချနဘူရီ အဝေးပြေး ကားလမ်း ဖောက်လုပ်မှုမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်သည်ဆိုသော ဒေသခံ အချို့
၏ စိုးရိမ်ချက်ဖြင့် ကရင်အမျိုးသား အစည်းအရုံးက စက်တင်ဘာလလယ်က တားမြစ်ခဲ့သေးသည်။

စက်တင်ဘာလ နှောင်းပိုင်းကလည်း KNU ကို ကရင်ပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ် မှူး ကြီးအောင်လွင် ဦးဆောင်သည့် အဖွဲ့ က ထိုင်း-မြန်မာနယ်စပ် တနေရာတွင် လာရောက် တွေ့ဆုံ ခဲ့သေး သော်လည်း ဗဟို အစိုးရနှင့်သာ ဆွေးနွေးလိုကြောင်း KNU က အကြောင်း ပြန်လိုက်သည်ဟု သိရသည်။

KNU ကို ပြည်ထောင်စုအဆင့်က တွေ့ဆုံရန် ငြင်းနေဆဲတွင် DKBA ကိုမူ အောက်တိုဘာလ ၂၆ ရက် နေ့က
မော်လမြိုင်မြို့ ၌ ပြည်ထောင်စု အဆင့်ကိုယ်စားလှယ်များဖြစ်သည့် ကြံခိုင်ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူး-၁ ဦး အောင်သောင်း၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်
တို့က လက်ခံ တွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုက နယ်မြေကျော် မလှုပ်ရှားရေး သဘောတူညီခဲ့ပြီး ကရင်ပြည်နယ် မြို့တော် ဘားအံ အပါအဝင် ကြာ အင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်တုံ၊ ကော့ကရိတ်၊ မြဝတီမြို့နယ်များတွင် DKBA ရုံးများ ဖွင့်လှစ်ခွင့်ပြုရန် သမ္မတ ထံသို့ တဆင့်တင်ပြခဲ့သည်ဟု တွေ့ဆုံပွဲတွင် ပါဝင်သူ DKBA ဒုဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေးက ပြောသည်။

“ဥပမာ သေဘောဘိုးခွင်ဆိုရင် လက်ရှိ အစိုးရတပ်က ထိုင်တယ်။ သူကလည်း လှုပ်ရှားမှုကို အဝေးကို မရှိဘူးဆို ရင် ဘာမှပြဿနာမရှိဘူး။ ကျနော်တို့ဘက်ကလည်း တခြမ်းယူထားတယ် အဝေးကို မသွားဘူးဆိုရင် ပြဿနာ မ ရှိဘူးပေါ့။” ဟုသူက ပြောသည်။

မော်လမြိုင်မြို့တွင် တွေ့ဆုံရာ၌ ကရင်ပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးအောင် လွင်၊ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် ဝင်းအောင်လှိုင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း တို့လည်း ပါ ဝင်သည်။

DKBA ဘက်က ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မိုရှေး၊ စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးစိန်ဝင်း၊ ထောက်လှမ်းရေး အရာရှိ ဗိုလ်ကြီးပိဒါး တို့ သုံးဦး ဖြစ်သည်။

DKBA သည် ၁၉၉၄ ခု တွင် ကရင်အမျိုးသား အစည်းအရုံး KNU ခွဲထွက်ခဲ့ ပြီးနောက် ဗိုလ်မှူး စောချစ်သူ ဦး ဆောင်သည့် DKBA များမှာ၂ဝ၁ဝ ခု သြဂုတ်လ ၁၈ ရက်တွင် နယ်ခြားစောင့်တပ် တပ်ရင်း ၁ဝ၁၂၊ ၁ဝ၁၃ နှင့် ၁ဝ၁၄ တို့အဖြစ် အစိုးရပြည်ထဲရေး ဝန်ကြီးဌာနအောက်တွင် ပြောင်းလဲ ရပ်တည်နေကြသည်။

ဗိုလ်မှူးချုပ်စောလားဘွယ် ဦးဆောင်သည့် DKBA က ၂ဝ၁ဝ နိုဝင်ဘာ ၈ ရက်၊ ရွေးကောက်ပွဲ အပြီး နောက်တ နေ့ မှစ၍ အစိုးရကို တနှစ်ကြာ ပြန်လည်တိုက်ခိုက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အပစ်ရပ်ရန် ပဏာမ ဆွေးနွေး ကြခြင်း ဖြစ်သည်။

ဗိုလ်မှူး ကြီးစောချစ်သူအဖွဲ့နှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးကြ ခြင်းမရှိသကဲ့သို့ ဗိုလ်မှူးချုပ် စောလားဘွယ် ဦးဆောင်သည့် DKBA ကို နယ်ခြားစောင့်တပ်အသွင် ပြောင်းရန်ပြောဆိုကြခြင်း မရှိကြောင်း သိရသည်။

“BGF ကို အတင်းအကျပ် လုပ်ခိုင်းမယ်ဆိုလည်း နောက်ဒါ ထက်ဆိုးတဲ့ အနေအထားပဲ ရောက်သွားမှာပါ။” ဟု ဗိုလ်မှူးချုပ် မိုရှေး က ဆိုသည်။

၂ဝ၁ဝ ခု သြဂုတ်လ ၁၈ ရက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းသွားရာတွင် မပါဝင်ပဲ ကျန်ခဲ့သည့် DKBA တပ်ဖွဲ့ဝင်များကို စုစည်းပြီး ၂ဝ၁ဝ ခု ၉ လပိုင်းတွင် ပြန်လည်ဖွဲ့စည်းရာ ဗိုလ်မှူးချုပ်မိုရှေးသည် တပ်ရင်းမှူးအဆင့်မှ ဒုစစ်ဦးစီးချုပ် တာဝန်ပေးအပ်ခံရသည်ဟု သိရသည်။

DKAB နှင့် အစိုးရ ကိုယ်စားလှယ်များအကြား တွေ့ဆုံပွဲများ ဆက်လက် ပြုလုပ်သွားရန် အစီအစဉ် ရှိသော်လည်း အစိုးရဘက်က အကြောင်းပြန်ကြားမှုကို စောင့်နေသည်ဟု ဆိုသည်။

အောက်တိုဘာ ၂၃ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် KNU တပ်မဟာ-၆ နယ်မြေ သေ့ဘောဘိုးရွာ နှင့် တောင်နီ ရွာ အကြားတွင် အစိုးရတပ်များကို မိုင်းထောင် တိုက်ခဲ့သေးသည်ဟု သူက ပြောသည်။

Source by Source by Irrawaddy"
Read more...

No comments:

Post a Comment