Wednesday, November 2, 2011

ဝန်ဘန်တိုက်ပွဲမှာ မြန်မာ အစိုးရစစ်သား ၁၀ ဦးကျ

မန်မော် (ဗန်းမော်)ခရိုင်၊ မိုးမောက် မြို့နယ်၊ ခ၀န်ဘန် (Hka Wan Bang) တိုက်ပွဲ တွင် မြန်မာအစိုးရ စစ်သား အနည်းဆုံး ၁၀ ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာရရှိသည်ဟု မျက်မြင်သက်သေများပြောသည်။



ကချင်ပြည်နယ် အရှေ့ဘက် KIA တပ်မဟာ ၃ ထိန်းချုပ်နယ်မြေတွင် KIA စစ်တင်တန်းဆင်းပွဲ ပြုလုပ်စဉ်။

နိုဝင်ဘာလ ၁ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီမှ ၁၁ နာရီအထိ ခ၀န်ဘန် (Hka Wan Bang) နှင့် လော့ ဒန် (Law Dan) ကြား မြန်မာအစိုးရတပ်နှင့် KIA တိုက်ခိုက်ကြသည်ဟု ဒေသခံများပြောသည်။
မြန်မာအစိုးရ၏ အမြောက်ဆံကြောင့် KIA ဘက်မှလည်း တပ်သားတစ်ဦးကျဆုံးသည်ဟု မျက်မြင် နှင့် KIA အရာရှိများ ပြောသည်။
၃ ကြိမ်တိုင်တိုင် မြန်မာအစိုးရတပ်က ထိုးစစ်ဆင်လာသော်လည်း KIA ဘက်မှ ကြံ့ကြံ့ခံ ခုခံသဖြင့် KIA ထိန်း ချုပ်ရာ လော့ဒန်သို့ မြန်မာစစ်တပ် ၀င်ရောက်လာ နိုင်ခြင်းမရှိသေးခြင်းဖြစ်သည်ဟု လော့ဒန် ဒေသခံတစ်ဦး ပြောသည်။
တရုတ်နယ်စပ်ကိုဆက်သွယ်ထားသည့် မန်မော်-လွယ်ဂျေကားလမ်းကို မရ ရအောင် သိမ်းပိုက်နိုင်ရန် မြန်မာ
အ စိုးရ တပ်မှ ယခုလို ခ၀န်ဘက်မှ မကြာမကြာ တိုက်ခိုက်နေခြင်းဖြစ်သည် ဟု ဒေသခံများ နှင့် KIA အရာရှိများ ပြောသည်။
ဇွန် ၉ ရက် မြန်မာအစိုးရက KIA ကိုထိုးစစ်ဆင်လာပြီးနောက် ယခု ၎င်း တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်း ကြောင်းအား KIA က ထိန်းချုပ်ထားလိုက်သည်။

Source by Source by KNG"
Read more...

No comments:

Post a Comment