Friday, October 28, 2011

SSA နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးတော့မလား

မြန်မာအစိုးရ နဲ့ တခါမှ အပစ်အခတ် ရပ်ဆဲမှု မလုပ်ခဲ့တဲ့ SSA တောင်ပိုင်း လို့ လူသိများတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ရှမ်းပြည် ပြန်လည် ထူထောင် ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် RCSS/SSA ဟာ အ ခုတလောမှာ ထိုင်းအာဏာပိုင် တွေရော၊ ရှမ်းပြည်သူ့စစ် အဖွဲ့ တို့ရဲ့ကြားဝင် ဆောင်ရွက်ပေးမှုကြောင့် မြန် မာ အစိုးရ နဲ့ ပထမဆုံး အကြိမ် အဖြစ် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ သတင်း ထွက်နေပါတယ်။

SSA စစ်သား
အဆိုပါ ဆွေးနွေးပွဲ နဲ့ ပတ်သက်ပြီး ရှမ်းပြည်လူထု ရဲ့ ဆန္ဒသဘောထားလည်း ပြီးခဲ့တဲ့ သီတင်းပတ် က စပြီး ကောက်ယူ ခဲ့ပါတယ်။ ဆွေးနွေးပွဲ အခြေအနေ နဲ့ ပတ်သက် လို့တော့ SSA ရဲ့ ပေးစာ ကို မြန်မာအစိုးရ က အ ကြောင်း မပြန်သေးတဲ့ အကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ် က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန် က အစိုးရ အနေနဲ့ အဖွဲ့အစည်းတိုင်း နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ် လို တယ်လို့ မကြာခင်က ကြေငြာချက် ထုတ်ပြန်တာကို ကြိုဆို တဲ့ အနေ နဲ့ SSA ဖက် ကလည်း ဆွေးနွေးမှု ပြုဖို့ အ ကြောင်းကြားတဲ့ အကြောင်း၊ ဗိုလ်ချုပ်ယွက်ဆစ် က ရှင်းပြပါတယ်။

အခုဆိုရင် SSA တောင်ပိုင်း၊ မြောက်ပိုင်း ဆိုတာလည်း မရှိတော့တဲ့ အတွက် SSA မြောက် အနေ နဲ့ ဆွေးနွေး လည်း အားလုံးကို ကိုယ်စားပြုတာမို့ လက်ခံနိုင်ပုံ ကို ပြောပြပါတယ်။

နိုင်ငံရေး နဲ့ ပတ်သက်ရင် ဘယ်အဖွဲ့အစည်း နဲ့ ပဲ၊ ဆွေးနွေး မြန်မာ့နိုင်ငံ ရေးဟာ တခုတည်း နဲ့ ဆွေးနွေးလို့မရ တဲ့ အကြောင်း၊ အဖွဲ့အစည်း တိုင်း တစုတစည်း နဲ့ ဆွေးနွေး မှ ဖြေရှင်းနိုင်မှာ ဖြစ်ပုံ၊ စစ်ရေး အရတော့ သီးခြားစီ ဆွေးနွေး ရမှာ ဖြစ်တဲ့ အကြောင်း၊ ဗိုလ်ချုပ် ယွက်ဆစ်က ဘီဘီစီ ကိုပြောပြ ပါတယ်။

Source by Source by BBC"


Read more...

No comments:

Post a Comment