Thursday, October 27, 2011

ထိုင်းနယ်စပ် တောင်ပိုင်း ဝ တပ်ဖွဲ့ စစ်ရေးပြင်နေဟုဆို

သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ (RCSS/ SSA) နှင့် မြန်မာအစိုးရသစ်တို့ ဆွေးနွေးမည်ဟု သတင်းများ ထွက်ပေါ် နေချိန် တောင်ပိုင်း ဝ တပ်ဖွဲ့ စစ်ရေးပြင်ဆင်နေကြောင်း ဒေသခံသတင်းရပ်ကွက် က ပြောပါသည်။

UWSA စစ်သားများ

တနင်္ဂနေ့က အမှတ် ၁၇၁ စစ်ဒေသဌာနချူပ် (တောင်ပိုင်းဝ တပ်ဖွဲ့ ) အခြေစိုက်ရာမိုင်းတုံမြို့နယ် ဟွေ့အော့် သို့ ဝ စစ်သည်များ တင်ဆောင်လာသည့် စစ်ကား အစီးရေ ၃၀ ခန့် ရောက်ရှိလာကြောင်း၊ ထိုင်းနိုင်ငံချင်းမိုင်ခရိုင် ဝိန်းဟိုင် အုပ်စုနှင့်မျက်နှာ ချင်းဆိုင်ရှိ လွယ်လမ် သျှမ်းတပ်စခန်းသို့ ဦးတည်ဖွယ်ရှိသည်ဟုကြားရကြောင်းလည်း နယ်စပ်သတင်းရပ်ကွက်ကလည်း ပြောသည်။

နယ်စပ်တလျှောက်ရှိ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် စခန်းချထားသည့်နေရာများ ၄င်းတို့ထိန်းချူပ် နယ်မြေ များ အားလုံးကို SSA ကအလိုရှိကြောင်း မြန်မာအစိုးရနှင့်တွေ့ဆုံဆွေးနွေးပွဲတွင် သျှမ်းပြည်ပြန် လည် ထူ ထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်က တင်ပြတောင်းဆိုထားသည်ဟု မြန်မာအာဏာပိုင် အသိုင်း အဝိုင်း၏ ယုံကြည် စိတ်ချရ သောသတင်းအချက်အလက်များကို အမှတ် ၁၇၁ စစ်ဒေသမှူး ဝေ့ရှော်ကန်း က ရရှိ ထားသဖြင့် RCSS/ SSA အပေါ် သဘောထားတင်းမာနေခြင်းဖြစ်ကြောင်း - ဝ တပ်ဖွဲ့အရာရှိများနှင့် ဝင်ဆန့်နိုင် သူတဦးက သျှမ်းသံတော်ဆင့်အား ပြောသည်။

“မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကျနော်တို့ ၂၀ ရက်နေ့က လူထုဆီက အကြံဉာဏ်တောင်းတဲ့စာ ပို့ ထားပါတယ်။ ငြိမ်းချမ်းရေးစကားဝိုင်း တကယ်ဖြစ်မြောက်ခဲ့မယ်ဆိုရင် မြန်မာအစိုးရကို ဘာအချက်အလက်တွေ တင်ပြ မယ် တောင်းဆို မယ်ဆိုတာ ကျနော်တို့အဖွဲ့အစည်းထဲမှာတောင် အစည်းအဝေးမလုပ်ရသေးပါဘူး။ ရှင်း ရှင်းပြောရရင် သိန်းစိန်အစိုးရ နဲ့ ဘာမှ မဆွေးနွေးရသေးဘူး။ ဆွေးနွေးရင်လဲ နယ်မြေလုဖို့ဆိုတာ မရှိဘူးလို့အ သိ ပေးလိုပါတယ်။” - ဟု RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချူပ်ကြီး ယွက်စစ်က သျှမ်းသံတော်ဆင့်အား ပြော သည်။


ဩဂုတ်လ ၁၈ ရက်က မြန်မာအစိုးရခေါင်းဆောင် ဦးသိန်းစိန်က ငြိမ်းချမ်းရေးစကားဝိုင်းဖြစ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ခိုက်နေသော တိုင်းရင်းသားတပ်ဖွဲ့များအား ကမ်းလှမ်းခဲ့သည်။ ထို့အတွက် မိုင်းလားတပ်ဖွဲ့ NDAA-ESS နှင့် ဝ တပ်ဖွဲ့ UWSA တို့ က စက်တင်ဘာလတွင်တကြိမ် အောက်တိုဘာလတွင်တကြိမ်တွေ့ဆုံ ဆွေးနွေး သဘောတူ လက် မှတ်များရေးထိုးသကဲ့သို့ သျှမ်းပြည်တပ်မတော် (တောင်/မြောက်) နှစ်ဖွဲ့လုံးနှင့် တွေ့ဆုံနေသည် ဆိုသည့် သတင်းများ လည်း ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

သျှမ်းပြည်တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဆိုင်ကလည်း - “ ၂၀ဝ၇ ခုနှစ် တွေ့ဆုံဖို့ နအဖ ဘက်က တိဖျက်ခဲ့ တဲ့နောက်ပိုင်း ခုထိထပ်မတွေ့ဆုံရသေးပါဘူး။ ဒီတခေါက် ဆွေးနွေးဖို့လဲ အစိုးရဖိတ်ခေါ်ချက်ပါဘဲ။ ဘယ်နေ့၊ ဘယ်နေရာ မှာ ဘာကိစ္စတွေ ဆွေးနွေး မယ်ဆိုတာလဲ ကျနော်တို့ ဘာမှမစီစဉ်ရသေးဘူး ” - ဟု ပြော သည်။

၂၀ဝ၅ ခုနှစ်ကလည်း မြန်မာစစ်တပ် နှင့် ဝ တပ်ဖွဲ့တို့ပူးပေါင်းပြီး သျှမ်းပြည်တပ်မတော် (တောင်ပိုင်းတပ်ဖွဲ့) ဌာ နချူပ် လွယ်တိုင်းလျဲန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူးသည်။ ထိုတလကျော် တိုက်ပွဲမပြီးမီ ဝ တပ်ဖွဲ့ကဆုတ်ခွါ ရန် ဆုံးဖြတ်မှု ကြောင့် ဗမာ့တပ်မတော်နှင့် ဝ တပ်ဖွဲ့ကြား တင်းမာမှု စတင်ခဲ့သည်မှာယခုနှစ်အထိဖြစ်သည်။

Source by Source by SHAN"


Read more...

No comments:

Post a Comment