Monday, October 10, 2011

အစိုး​ရတပ်နှင့်​ ​ကေအိုင်​အေ တိုက်ပွဲ​ကြောင့်​ မန်စီ​ဒေသခံများ​ စိုး​ရိမ်ထိတ်လန့်​နေ

ကချင်ပြည်နယ် ဗန်း​မော်မြို့နဲ့ ၁၂ မိုင်အကွာ မန်စီမြို့မှာ ​ကေအိုင်​အေ (ကချင်လွတ်လပ် ​ရေး​တပ်မ​တော်) နဲ့​ မြန် မာအစိုး​ရ စစ်တပ်တို့​ တိုက်ပွဲစတင်ဖြစ်ပွား​လာလို့ ​ဒေသခံ ​တွေ အခက်ကြုံနေပါတယ်။ မ​နေ့က မွန်း​လွဲ ၁ နာရီ​လောက်ကစပြီး​ တိုက်ပွဲဖြစ်​နေတာလို့ မံစီမြို့ ​ဒေသခံတဦး​က ​ပြောပြပါတယ်။

“ဗုံကွဲသံ​ တွေ၊​ ​သေနတ်သံ​တွေ ဆူညံ​နေတာပဲ၊​ ကျွန်မတို့​အိမ်ဝင်း​ထဲမှာလည်း​ ​သေနတ်ကျည်ဆန်​တွေ လာကျ တယ်။ ရဲစခန်း​ကိုလည်း​ ဝင်ပစ်သွား​တယ်လို့​ ​ပြော တယ်။ ကျွန်မတအိမ်သား​လုံး​ အိမ်ထဲမှာပဲ​နေတာ၊​ ​ကြောက် လို့ ဘယ်သူမှ အပြင်မ ထွက်ရဲဘူး​။”

အစိုး​ ရစစ်တပ်က ​ပေါ်တာဆွဲမှာကို​ကြောက်လို့​ မြို့​ထဲက လူငယ်အများ​စုဟာ ထွက်​ပြေး​ပုန်း​ရှောင်​နေပြီး​ သက် ကြီး​ရွယ်အို​တွေ၊​ က​လေး​တွေနဲ့ မိန်း​က​လေး​တွေက ​တော့​ လုံခြုံရေး​အတွက် စိုး​ရိမ်​နေကြတယ်လို့လည်း​ ​ဒေသခံက ​ပြောပါတယ်။

“နယ်စပ်ကိုထွက် ​ပြေး​ဖို့​က ​ဝေး​က​ဝေး​တာနဲ့​၊​ သွား​ရင်လည်း​၊​ တရုတ်​တွေက သူတို့နယ်ထဲကို အဝင်မခံဘူး​တဲ့​၊​ နယ်စပ်မှာ​ရောက်​နေတဲ့​လူ​တွေလည်း​ ဒုက္ခ​ရောက် ပြီး​ အ​ခြေအ​နေ​တွေ ပိုဆိုး​တာ​တွေပဲ ကြား​နေရတယ်။ ကျွန်မတို့လည်း​ ဘာလုပ်ရ မှန်း​ကို မသိ​တော့​ဘူး​။”

မန်စီမြို့ကို အစိုး​ရတပ်ဘက်က တပ်ရင်း​ ၃ ရင်း​ ထပ်ပို့​လိုက်ပြီဆိုတဲ့​ သတင်း​တွေလည်း​ မြို့တွင်း​မှာ ပျံ့နေပြီး​ မြို့လူထုက ပိုပြီး​စိုး​ရိမ်​နေတယ်လို့လည်း​ သိရပါတယ်။

မန်စီမြို့​ အနီး​တဝိုက်မှာ တိုက်ပွဲပြင်း​ထန်​နေပြီး​ ဒီလ ၄ ရက်​နေ့ကလည်း​ မန်စီမြို့ နဲ့​ ၃ မိုင်​လောက်အကွာရှိ ရှန်း​ထောက်ရွာမှာ ​ကျောင်း​ကပြန်လာတဲ့​ ​ကျောင်း​သား​ ​တွေကို အကာကွယ်ယူပြီး​ တက်လာတဲ့​ အစိုး​ရစစ်တပ်နဲ့​ ​ကေအိုင်​အေတပ်တို့ တိုက် ပွဲဖြစ်ပွား​တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

“​ကျောင်း​ အုပ်ကြီး​လည်း​ အ​ခြေအ​နေမ​ကောင်း​လို့ ကျာင်း​သား​တွေအား​လုံး​ကို အိမ်ပြန်လွှတ်လိုက်တယ်။ မင်္ဂလာ​ဆောင်ပွဲရှိတာလည်း​ ဘယ်သူမှမလာလို့ ဖျက် လိုက်ရတယ်။ ကျမတို့လည်း​ ထွက်​ပြေး​ရမလား​၊​ ဒီအတိုင်း​ပဲ အိမ်မှာပုန်း​နေရမလား​၊​ ဘာလုပ်ရမှန်း​ကိုမသိ​တော့​ဘူး​။ အ​ခြေအ​နေက​တော့​ ပိုး​ဆိုး​လာ​တော့​မယ့်​ပုံပါပဲ” လို့ ​ဒေသခံ ကချင်အမျိုးသမီး​တဦး​က ​ပြောပါတယ်။

Source by Source by DVB"

Read more...

No comments:

Post a Comment