Tuesday, October 11, 2011

မြန်မာငြိမ်းချမ်းရေးကိစ္စ နိုင်ငံတကာ ကူညီစေလို

တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့ဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကနေပြီးတော့ မြန်မာပြည်တွင်း ငြိမ်းချမ်း ရေး ရအောင် နိုင်ငံတကာ ကနေ ကြားဝင်ကူညီလုပ်ဆောင်ဖို့ တိုက်တွန်းလိုက် ပါတယ်။

KIA ကချင်တပ်သားများ
မြန်မာပြည်မှာ သမ္မတ ဦးသိန်းစိန်ကနေ ပြီးတော့ ငြိမ်းချမ်းရေး ရအောင် ကြိုးပမ်း နေတယ်လို့ ပြောပေ မယ့် တစ် ဘက်မှာလည်း တိုင်းရင်းသား ဒေသတွေမှာ အစိုးရ တပ်တွေ ဘက်က ထိုးစစ် ဆင်နေ တယ် ဆိုတာကို နှိင်ငံတ ကာ ကနေ သိရှိအောင် ပန်ကြားလွှာ ထုတ်ပြန်ရတာ ဖြစ်တယ်လို့ UNFC အထွေထွေ အတွင်းရေးမှူး ဦးနိုင်ဟံ သာက ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး ပြည်ပက လာပြီး ရင်းနှီးမြုပ်နှံကြတဲ့ ရေကာတာနဲ့ ပိုက်လိုင်းလို စီမံကိန်း တချို့ ကြောင့် တိုင်းရင်းသား ဒေသတွေမှာ စစ်မက်ဖြစ်တာ တွေအပြင် လူထုတွေ ဒုက္ခရောက် ကြရတယ် ဆိုတာ နိုင်ငံတကာက သိရှိဖို့လို တယ်လို့ သူက ပြောပါတယ်။

မြန်မာအစိုးရကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်း နေရာမှာ တချို့အဖွဲ့ တွေနဲ့ ဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေ ရနေပြီလို့ ပြောပါတယ်။

မကြာခင်ရက်ပိုင်းကပဲ ဝ အဖွဲ့နဲ့ မိုင်းလားအဖွဲ့ တွေနဲ့လည်း အစိုးရကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ ကြပါ တယ်။

ဒါပေမယ့် UNFC ထဲမှာ ပါဝင်တဲ့ KIO ကချင်အဖွဲ့၊ KNU ကရင်အဖွဲ့ နဲ့ မွန်ပြည်သစ် NMSP စတဲ့အဖွဲ့တွေက တော့ အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တွေ့ဆုံတဲ့ အခါ တဖွဲ့ချင်းထက် အဖွဲ့အားလုံးနဲ့ တွေ့ ပြီး ဆွေးနွေးမှပဲ လက်ခံမယ်လို့ ပြောထားပါတယ်။

Source by Source by BBC"
Read more...

No comments:

Post a Comment