Thursday, October 6, 2011

ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ရန်အသင့်​ဖြစ်​နေဟု ရှမ်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ ​ပြော

ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ရန် နှုတ်ဖြင့်​ကမ်း​လှမ်း​လာတဲ့​အ​ပေါ်မှာ ရှမ်း​ပြည်တပ်မ​တော်၊​ ရှမ်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​ကောင်စီက ကြိုဆိုလိုက်သလို စာနဲ့​တရား​ဝင် ကမ်း​လှမ်း​မယ်ဆိုရင် ​တွေ့​ဆုံ​ဆွေး​နွေးဖို့​ အသင့်​ရှိ​နေပြီလို့​ ဆို ပါတယ်။

ဗိုလ်မှူး စိုင်းလောဝ်ဆိုင်

ရှမ်း​ ပြည်နယ်အစိုး​ရက ရှမ်း​ပြည်​တောင်ပိုင်း​ ဌာ​နေပြည်သူ့​စစ်​ခေါင်း​ဆောင်​တွေက​နေတဆင့်​ ပြီး​ခဲ့​တဲ့​ရက်ပိုင်း​အတွင်း ​က ကမ်း​လှမ်း​ခဲ့​တယ်လို့ ရှမ်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ ​ပြောခွင့်​ရ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင် က ​ပြောပါတယ်။

“မ​ပြေလည်​သေး ​တဲ့​ ပြဿနာ​တွေကို ငြိမ်း​ချမ်း​တဲ့​နည်း​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ အ​ဖြေရှာဖို့​အတွက် ကျ​နော်တို့​က​တော့​ ​ခေတ်အဆက်ဆက် နိုင်ငံ​တော်အစိုး​ရ​တွေကို ပန်ကြား​ထား​တာ​တွေ ရှိပါတယ်။ဒီလိုကမ်း​လှမ်း ​လာတာကို ကျ​နော်တို့​ကလည်း​ တရား​ဝင်ကိုယ်စား​လှယ်​တွေနဲ့ တရား​ဝင်ပုံစံမျိုး​နဲ့​ ကမ်း​လှမ်း​လာတာမျိုး​ကို​တော့​ လိုလား​ပါတယ်။ အစိုး​ရဘက်က လိုလား​ချက်​တွေ ဆန္ဒသ​ဘောထား​တွေကို ​လေ့​လာကြည့်​ပြီး​မှ ကျ​နော်တို့ဘက်က လိုလား​တဲ့​ ​အေး​ချမ်း​သာယာ​ရေး​ ကိစ္စ​တွေကို ​ပြောသွား​မှာပါ။”

ပြီး​ခဲ့​တဲ့​ စက်တင်ဘာလအ​စောပိုင်း​ကလည်း​ သမ္မတဦး​သိန်း​စိန်ရဲ့​ ငြိမ်း​ချမ်း​ရေး​အစီအစဉ် အမိန့်​ထုတ်ပြန်ချက်ကို ကိုး​ကား​ပြီး​ ထိုင်း​အမျိုး​သား​လုံခြုံရေး​ကောင်စီဘက်ကလည်း​ ငြိမ်း​ချမ်း​ရေး​လုပ်ဖို့​ ​မေး​မြန်း​ခဲ့​သေး​တယ်လို့ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။

အစိုး​ရနဲ့ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​တဲ့​အခါမှာ တဖွဲ့ချင်း​နဲ့ပဲ ​ဆွေး​နွေး​သည်ဖြစ်​စေ ၊​ အစုအဖွဲ့​နဲ့ပဲ​ဆွေး​နွေး​သည် ဖြစ်​စေ ကြား​က​နေ ပါဝင်ညှိနှိုင်း​ပေး​မယ့်​သူ ပါပါ မပါပါ အဓိကက​တော့​ ထွက်လာတဲ့​ရလဒ်​ပေါ်မှာပဲ မူတည်ပြီး​ ဒီရ လဒ်ဟာ အစိုး​ရ​စေတနာ​ပေါ်မှာ မူတည်တယ်လို့​ သူက ​ပြောပါတယ်။

ရှမ်း​ ပြည်တိုး​တက်​ရေး​ပါတီက​တော့​ သူတို့အဖွဲ့​ဟာ ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ ​ဖက်ဒရယ်​ကောင်စီ ဝင် ဖြစ်တဲ့​အတွက် တဖွဲ့ချင်း​အ​နေနဲ့​ ​ဆွေး​နွေး​မှာမဟုတ်ဘဲ UNFC အ​နေနဲ့​ပဲ ​ဆွေး​နွေး​မယ်လို့​ ပါတီ​ပြောခွင့်​ရ ဗိုလ်မှူး​ စိုင်း​လက ​ပြောပါတယ်။

လက်နက်စွဲကိုင်တိုက်ခိုက် ​နေတဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်ဖို့​ သမ္မတဦး​သိန်း​စိန်က ဩဂုတ် ၁၈ ရက်​နေ့​မှာ အမိန့်​ထုတ်ပြန်ခဲ့​ပြီး​ ပြည်နယ်အစိုး​ရ​တွေကို ​ဖော်​ဆောင်ခိုင်း​ထား​ပါတယ်။

အင်အား​အကြီး​ ဆုံး​လက်နက်ကိုင်အဖွဲ့​ဖြစ်တဲ့​ ဝပြည်​သွေး​စည်း​ညီညွတ်​ရေး​ပါတီနဲ့​ မိုင်း​လား​အဖွဲ့​ကို ပြည်​ထောင်စုအစိုး​ရ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်အဖွဲ့တွေက ​ဆွေး​နွေး​ခဲ့​ပြီး​ ကချင်လွတ်လပ်​ရေး​အဖွဲ့ကို ပြည်နယ်အဆင့်​ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​ လှယ်​တွေ ​စေလွှတ်​ဆွေး​နွေး​ခဲ့​ပါတယ်။

မ​ရှေး​မ​ နှောင်း​မှာဘဲ မွန်ပြည်သစ်ပါတီ၊​ ရှမ်း​ပြည်တပ်မ​တော်၊​ ကရင်အမျိုး​သား​အစည်း​အရုံး​ စတဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့တွေကို သက်ဆိုင်ရာ ပြည်နယ်​တွေက အစိုး​ရကိုယ်စား​လှယ်​တွေက ကမ်း​လှမ်း​နေတာဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီက ​တော့​ မွန်ပြည်နယ်အစိုး​ရနဲ့​ ​ဆွေး​နွေး​တဲ့​အခါ သူတို့​တဖွဲ့​တည်း​အ​နေနဲ့​ မဟုတ်ဘဲ UNFC (ညီညွတ် ​သောတိုင်း​ရင်း​သား​လူမျိုး​များ​ဖက်ဒရယ်​ကောင်စီ) နဲ့​ပဲ ​ဆွေး​နွေး​ဖို့​ သ​ဘောထား​ရပ်တည်ချက် ရှိ တယ်လို့ ပါတီ​ပြောခွင့်​ရသူ နိုင်ဟံသာက ​ပြောပါတယ်။

ခုလာမယ့်​ သီတင်း​ပတ်အတွင်း​ မွန်ပြည်နယ်အစိုး​ရဘက်က ကိုယ်စား​လှယ်နဲ့​ မွန်ပြည်သစ်ပါတီက ကိုယ်စား​လှယ်​တွေ ​တွေ့​ဆုံကြဖို့​ပြင်ဆင်​နေပြီး​ ​တွေမယ့်​အချိန်နဲ့​ ​နေရာ ထုတ်​ပြောနိုင်ခြင်း​မရှိ​သေး​ဘူး​လို့​ ဆိုပါတယ်။

Source by Source by DVB"

Read more...

No comments:

Post a Comment