Tuesday, July 19, 2011

ကေအိုင်အေနှင့် မြန်မာစစ်တပ် တိုက်ပွဲ ပြင်းထန်

ဒီကနေ့ နေ့လည် ၁ နာရီကစလို့ ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်မှာ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲ အကြီးအကျယ် ဖြစ်နေပါတယ်။


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)လက်အောက်ခံ ခလရ (၂၁) က ဧရာဝတီမြစ်ကမ်းပေါ်က တာ လော ကြီး က နေ ကားတွေနဲ့ ချီတက်လာစဉ် မိုးမောက်မြို့နယ် နားလုံနဲ့ နန့် ဆန်ယန် ကျေးရွာအကြား အောင်ဂျာယန် ကျေးရွာ မှာ ရှိ နေတဲ့ ကေအိုင်အေတပ်ဖွဲ့က တားဆီးခဲ့ရာ မြန်စစ် တပ် ဘက်မှ စတင် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အင်အား (၁ဝဝ) ခန့်ပါတဲ့ ခလရ (၂၁) အဖွဲ့ကို အင်အား (၂ဝဝ) ကျော်ရှိတဲ့ ကေအိုင်အေတပ်ဖွဲ့က ဝိုင်းဝန် ပိတ်ဆို့ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို မြန်မာစစ်တပ် အဝိုင်း ခံ ထား နေရတာကြောင့် အနီးနားမှာရှိတဲ့ လဂျားယန် ကျေးရွာမှာ ရှိနေတဲ့ မပခလက်အောက်ခံ မြန်မာစစ်တပ်က ကား (၂)စီးနဲ့ စစ်ကူသွားရောက်ရာမှာ လမ်းခုလတ် မှာရှိတဲ့ ငှက်ပျော စိုက်ပျိုးရေးခြံ အရောက်မှာ ကေအိုင် အေ အ ဖွဲ့ က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က အထိအခိုက် အကျအဆုံးများနိုင်တယ်လို့ ကေအိုင်အေ သတင်း ရပ်ကွက် က ပြောပါတယ်။ အဲဒီလို တိုက်ပွဲတွေ ဖြစ်နေတာကြောင့် လိုင်ဇာကနေ ဗန်းမော်နဲ့ မြစ်ကြီးနား သွားမယ့် ယာဉ် တွေအားလုံး လိုင်ဇာမှာ ရပ်နားထားရတယ်လို့ လိုင်ဇာကလာတဲ့ သတင်းတွေအရ သိရပါတယ်။

Source by DVB"

Read more...

No comments:

Post a Comment