Tuesday, July 19, 2011

ရှမ်းပြည်တပ်မတော်ဌာနချုပ်ကို အစိုးရတပ်က သိမ်းပိုက်ရန် အမိန့်ပေးထားဟုဆို

ရှမ်းပြည်တပ်မတော်ရဲ့ ဌာနချုပ်ဖြစ်တဲ့ ၀မ်ဟိုင်းကို မြန်မာအစိုးရတပ်မတော်က တပတ်အတွင်း တိုက်ခိုက် သိမ်း ပိုက်ဖို့ အမိန့်ပေးထားပြီး ကျေးသီးနဲ့ မိုင်းရယ်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ရှမ်း ပြည် တပ်မတော်ဝမ်း ဟိုင်းဌာနချူပ် ကို သိမ်းယူဖို့ မြန်မာ အစိုးရရဲ့ လုံခြုံရေး ကောင် စီက ဆုံးဖြတ်ထားပြီး တပတ်အတွင်း ထိုးစစ်ဆင် သိမ်းပိုက်ဖို့ အမှတ် (၂) ဒေသ စစ်ဆင်ရေး အထူးအ ဖွဲ့မှူး ဗိုလ်ချုပ်အောင်သန်းထွဋ်ကို အမိန့် ပေး ညွှန်ကြားထား တာ ပါ။

ဒီလို ထိုးစစ်ဆင်တဲ့နေရာမှာ လေတပ် ကို အ သုံးပြုခွင့်ပေး ထားတယ်လို့ နေပြည်တော်ကလာတဲ့ စစ်ဘက်သတင်းရင်း မြစ်တွေကို ကိုးကားပြီး ရှမ်းပြည် တိုးတက်ရေးပါတီနဲ့ ရှမ်း ပြည်တပ်မတော်တို့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလှ က ပြောပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ အခုလို အင်အားသုံးတိုက်ခိုက်လို့ ၀မ်းဟိုင်းဌာနချုပ် ကျသွားခဲ့မယ် ဆိုရင်တောင်မှ ပြောက်ကြားအနေနဲ့ ပြန်လည်ခုခံသွားမယ်လို့လည်း သူကဆိုပါတယ်။

“မြေပြင်က ညွှန်ကြားချက် ထုတ်လိုက်တယ်တဲ့ ၀မ်ဟိုင်းကို သိမ်းဖို့ပေါ့။ လေကြောင်းနဲ့ သူတို့သုံးဖို့ ခွင့်ပြု လိုက် တယ်။ ခုခံသွားမှာပါ။ ၀မ်ဟိုင်း ကျသွားလည်း ကျနော်တို့က ပြောက်ကျားစနစ်နဲ့ တိုက်သွားဦးမှာပါ။ သူတို့ထိုးစစ် ဆင်နေသမျှကတော့ ကျနော်တို့လည်း ခုခံတိုက်ခိုက်သွားမှာပါ။ သူတို့က အမြစ်ပြတ် ချေမှုန်းဖို့က မဖြစ်နိုင် ဘူး လေ။ ကျနော်တို့ ရှိသမျှ အင်အားနဲ့ ပြောက်ကျား စနစ်နဲ့နေရာတကာ ၀င်တိုက်မှာပဲ။”

ဒါ့အပြင် တပတ်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ရှမ်းပြည်နယ် ကျေးသီးနဲ့ မိုင်းရယ်မြို့နယ်တွေထဲမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန် လာနေပြီး အစိုးရတပ်ဘက်က ဓာတုလက်နက် အသုံးပြု တိုက်ခိုက်တာတွေ ရှိတယ်လို့လည်း ဗိုလ်မှူးစိုင်းလှ က ဆိုပါတယ်။

“ဒီနေ့ ကျေးသီးကနေ နမ်ပုတ်ခမ်း ကြားမှာလည်း ဖေဖော်ဝါရီလတုန်း ကလည်း တိုက်ပွဲ ဖြစ်နေတယ်။ ၀မ်ပုန်နဲ့ မိုင်းရယ် ကြားမှာလည်း တိုက်ပွဲတွေ ဖြစ်တယ်။ နန့်ဟုဖလန်း ဆိုတဲ့ မိုင်းရယ် အကွေ့နားမှာပဲ အဲဒီမှာလည်း တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်တယ်။ ဖြစ်နေတုန်းပဲ အကျအဆုံး၊ ဒဏ်ရာရမှု များတယ်လို့ ပေးပို့တယ်။ အဲဒါ အပြင် အဲဒီလက်နက်ကျတဲ့နေရာမှာ အဲဒီဝန်းကျင်က ရှိတဲ့ ရဲဘော်တွေ မူးဝေတယ်လေ။ ဓာတုလက်နက်ပေါ့။”

မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ရာမှာ လက်နက်ကြီးတွေနဲ့ ကျေးရွာထဲကို ပစ်ခတ်မှုတွေရှိနေသလို မြန်မာ့တပ်မတော်ရဲ့ လူ့ခွင့်ရေးချိုးဖောက်ကျူးလွန်မှုတွေ ခံရမှာစိုးရိမ်တာကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြပါတယ်။

အထူးသဖြင့် ပန်မိုတ်၊ ၀မ်ဝ၊ ဟိုနား၊ ၀မ်မော့၊ ကျိုင်းလိန်၊ ၀မ်ဟိုင်း၊ ၀မ်ဆော့၊ ၀မ်ပန်းစတဲ့ ကျေးရွာတွေက ဒေသ ခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ အမျိုးသမီးက ပြောပါတယ်။

“စစ်တပ်တွေလာမယ်လို့ သတင်းကြားရင် ထွက်ပြေးရတာပေါ့။ အလုပ်လည်း ကောင်းကောင်း လုပ်လို့မရဘူး၊တ ခြားနေရာပြောင်းသွားတော့ ပေးကမ်းမဲ့ ဆွေမျိုးမရှိရင်တော့ ငတ်မှာပဲ၊ ကူညီတဲ့အဖွဲ့အစည်းတွေလည်း မရှိဘူး။ ဘုန်းကြီးကျောင်းမှာလည်း ဗမာစစ်သားတွေ ပြည့်နေတယ်၊ ဘယ်သူမှ မသွားရဲဘူး။ တချို့လည်း တော ထဲမှာ ဖြစ်သလိုပေါ့၊ မလုပ်ရင် ငတ်မှာစိုးလို့ ခြံထဲဆင်းတယ်၊ တယောက်တည်းမသွားရဲဘူး။ အဖော် ၉ ယောက် ၁၀ ယောက်စုပြီးသွားတယ်။ စစ်သားနဲ့တွေ့ရင် မုဒိမ်းကျင့်ခံရမှာစိုးတယ်။”

ဌာနေပြည်သူစစ်အသွင်ပြောင်းဖို့ ငြင်းပယ်ခဲ့တဲ့ ၀မ်ဟိုင်း အခြေစိုက် ရှမ်းပြည်တပ်မတော်ကို အစိုးရတပ်က ၄ လကျော်ကြာ ထိုးစစ်ဆင်ခဲ့ပြီး ဒီတကြိမ် တိုက်ပွဲကတော့ အပြင်းထန်ဆုံးနဲ့ အင်အားအများဆုံးဖြစ်ပြီး တပ်ရင်း ၁၄ ရင်း၊ အင်အား တထောင်ကျော်အထိ အသုံးပြု ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေဘက်ကတော့ ငြိမ်းချမ်းစွာ ဆွေးနွေးချင်တဲ့အကြောင်း တိုင်း ရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီကနေ ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် အစိုးရဘက်က ထိုး စစ်ဆင်နေဆဲ ပါ။

ဒီလို ရှမ်းပြည်နယ်အတွင်း မြန်မာတပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ အ နိုင်ရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေ အပါအ၀င် ဒုတိယသမ္မတ ဖြစ်လာတဲ့ ရှမ်း တိုင်းရင်းသား ဒေါက်တာ စိုင်းမောက်ခမ်းတို့လည်း ပြည်နယ်ငြိမ်းချမ်းရေးအတွက် ကြားဝင် စေ့စပ် ညှိ နှိုင်း ပေး တာမျိုးတွေ မရှိသေးပါဘူး။

Source by DVB "

Read more...

No comments:

Post a Comment