ကေအိုင်အို ဥက္ကဋ္ဌ လရောက်ဇောင်းဟရားက မစ္စတာဘန်ကီမွန်းကို စက်တင်ဘာ ၂၆ ရက်စွဲနဲ့ ပေးပို့တဲ့စာမှာ မေတ္တာရပ်ခံလိုက်တာပါ။
တိုင်းရင်း သားပဋိပက္ခတွေကြောင့် ပြည်တွင်းစစ် ဖြစ်ပွားနေရသလို ဒေသတွင်းဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်ရေးကို ထိ ခိုက်နေတာကြောင့် ကုလသမဂ္ဂရော ဒေသတွင်းနိုင်ငံတွေကပါ ကြားဝင်ဖြန်ဖြေပေးဖို့ ရည်ရွယ်ပါတယ်လို့ ကေ အိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်းက ပြောကြားပါတယ်။
“ပြည်တွင်း ရေးကိစ္စဖြစ်တယ်ဆိုပြီးတော့ အိမ်နီးချင်းနိုင်ငံနဲ့ နိုင်ငံတကာက ဒီအတိုင်း ဥပက္ခာပြုထားမယ်ဆိုရင်တော့ ပြဿနာဟာ ပိုပြီးတော့ ဆိုးရွားသွားနိုင်မယ်။ ဒီကိစ္စကို ဒီအချိန်မှာ နိုင်ငံတကာကနေ၊ ကုလသမဂ္ဂက ဦးဆောင်ပြီးတော့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေကပါ ဝင်ရောက်ဖျန်ဖြေပေးဖို့ လိုလားတဲ့အကြောင်း ကျနော်တို့ စာရေးသားပေးပို့တာပါ။”
မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချူပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင် တွေ သဘောတူရေးထိုးခဲ့တဲ့ ပင်လုံစာချုပ်ပါ ပြည်ထောင်စု စနစ်အစား တပြည်ထောင်စနစ်ကို ပဲ အစိုးရအဆက်ဆက် ကျင့်သုံးနေတယ်လို့လည်း ကေအိုင်အိုက ပေးပို့တဲ့စာမှာ ရေးသားဖော် ပြထားပါတယ်။
ဧရာဝတီမြစ်ဆုံ ရေကာတာတည်ဆောက်မှုကို ကချင်လူထုနဲ့ ကေအိုင်အိုတို့ က သဘောမတူဘဲ မြန်မာအစိုးရ ကိုရော တရုတ်အစိုးရကိုပါ စီမံကိန်းရပ်ဖို့ တောင်းဆိုထားပြီး ဖြစ်တယ်လို့လည်း စာမှာ ဖော်ပြထားပါတယ်။
လက်ရှိကျင်းပ နေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ထည့်သွင်းပြောကြားနိုင် အောင် ကုလသမဂ္ဂအတွင်းရေးမှူးချူပ်ဆီကို စာရေးပေးပို့ရတာပါလို့လည်း ဦးလနန်းက ပြောပါတယ်။
လက်ရှိမှာ ကေအိုင်အိုကို အစိုးရက အပြင်းအထန် ထိုးစစ်ဆင်နေချိန်ဖြစ်ပြီး ဒုက္ခသည် အသစ်တွေလည်း ကေ အိုင်အိုဒေသထဲကို ဝင်ရောက်နေတုန်းပဲလို့လည်း ဦးလနန်းက ပြောပါတယ်။
“လွန်ခဲ့တဲ့ ၂၃၊ ၂၄မှာစတင် ထိုးစစ်ဆင်ခဲ့တဲ့ တပ်မဟာ(၄) ဒေသတွေမှာ ရှမ်းပြည်မြောက်ပိုင်း ဒေသတွေမှာ ဒုက္ခသည်တွေဟာ မနေ့က စပြီးတော့ မူဆယ်တို့၊ ပန်ဆိုင်းတို့၊ နန့်ခမ်းတို့ဘက်ကို တဖွဲဖွဲဝင်လာတယ်လို့ သ တင်းရတယ်။ အခက်အခဲတခုက နယ်စပ်ဒေသမှာ ပြည်တွင်းစစ်တွေကြောင့် ရောက်လာတဲ့ စစ်ပြေးဒုက္ခသည်တွေကို တရုတ်ပြည် အစိုးရကနေ အသိအမှတ်ပြုပေးတာမျိုး မရှိဘူး။ အသိအမှတ်ပြုပေးခြင်းမရှိတဲ့အတွက် ဒုက္ခ သည်တွေကို နိုင်ငံတကာကလည်း ဒုက္ခသည်အနေနဲ့ ရှုမြင်တာမျိုးမရှိဘဲနဲ့ ပြည်တွင်းရေးပြသနာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံတကာက ဒီကို အကူအညီ ဝင်ရောက်လာဖို့ အခက်အခဲ အများကြီးရှိတယ်။”
ပြီးခဲ့တဲ့ ဇွန်လမှာ ကေအိုင်အိုနဲ့ အစိုးရအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး ၁၉၉၄ ခုနှစ်က သဘောတူ ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်သွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ဒေသခံဒုက္ခသည် နှစ်သောင်းလောက် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရ တယ်လို့ ကေအိုင်အိုဘက်က ပြောပါတယ်။
Source bySource by DVB"
No comments:
Post a Comment