အစိုးရက ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဘာသာရေး ခေါင်းဆောင်များ ကို မကြာသေးမီက တာဝန်ပေး လိုက်သည်ဟု ကရင်တိုင်းရင်းသား နိုင်ငံရေးသမားတဦးက ဧရာဝတီကို ပြော သည်။
"ဒီရက်ပိုင်းအတွင်းမှာပဲ KNU နဲ့ ဆွေးနွေးဘို့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ကရင်ဘာသာရေး ခေါင်းဆောင်တွေကို စေလွှတ်ဖို့ စီစဉ်ထားတယ်။ ဒီတခါလုပ်မယ့် ငြိမ်းချမ်းရေးက ပြည်နယ် အဆင့်က လုပ်မှာ ဖြစ်တယ်။ အဲဒီကိုယ် စားလှယ်အဖွဲ့မှာ ကျနော့်မိတ်ဆွေ ဘုန်းတော်ကြီးတွေလည်း ပါတယ်" ဟု ကရင်နိုင်ငံရေးပါတီတခု၏ ခေါင်း ဆောင်က ပြောသည်။
နောက်ဆုံးရရှိသည့်သတင်းအရ ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ ပဏာမ ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းမြန်မာ နယ်စပ်ရှိ KNU အဆင့်မြင့် ခေါင်းဆောင်တချို့နှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်ဟု သိရသည်။
သို့သော်လည်း KNU က အစိုးရ၏ အစီအစဉ်ကို လက်ခံမည် မဟုတ်ကြောင်း၊ တိုင်းရင်းသားအဖွဲ့များက အစိုးရ နှင့်တွေ့ဆုံဆွေးနွေးရန် UNFC ခေါ် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းထား ပြီးဖြစ်ကြောင်း KNU ဒုဥက္ကဌ ပဒိုဒေးဗစ်သကဘောက ဧရာဝတီကို ပြောသည်။
"မြန်မာအစိုးရအနေနဲ့ ဒီကိစ္စ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ သွားပြော ရင်တော့ ဖြစ်နိုင်တယ်။ KNU နဲ့တော့ တိုက်ရိုက် ပြောလို့ မရဘူး။ UNFC မှာ အခြေခံဥပဒေ ရှိတယ်။ ဒါကြောင့် ကျနော်တို့ ပယ်ချတာဖြစ်တယ်။ သူတို့ အရင်ကလည်း တဖွဲ့ချင်းစီကို လိမ်ညာနေတယ်၊ တိုင်းရင်းသားတွေကို အ နိုင်ကျင့် ဗိုလ်ကျနေတယ်" ဟု ပဒိုဒေးဗစ်သကဘောက ပြောသည်။
လက်နက်ကိုင်အဖွဲ့များကို သီးခြားစီ ဆွေးနွေးရန် ကြိုးပမ်းနေခြင်းမှာ ဖဲ့ထုတ် စည်းရုံးခြင်းဖြစ်သည်ဟု သူကဆို သည်။
မကြာသေးသမီက ကချင်လွတ်လပ်ရေး အဖွဲ့၊ မွန်ပြည်သစ်ပါတီတို့ကလည်း KNU နည်းတူ တုံ့ပြန်ထားပြီးဖြစ် သည်။
UNFC တပ်ပေါင်းစုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နှင့် ဆက်စပ်အဖွဲ့ ၆ ဖွဲ့ တို့က ယခုနှစ် ဖေဖေါ်ဝါရီ လက စတင် ဖွဲ့စည်းခဲ့သည်။
Source by Source by Irrawaddy"
Read more...

No comments:
Post a Comment