Monday, June 27, 2011

မြန်မာစစ်တပ်အား သျှမ်းပြည်တပ်မတော် ဆက်တိုက် ခြုံခိုတိုက်ခိုက်

နှစ်ရက်သုံးရက်အတွင်း မြန်မာစစ်တပ်အား သျှမ်းပြည်တပ်မတော် SSPP/ SSA မှ ၁၀ ကြိမ်ထက် မနည်း ခြုံခိုတိုက်ခိုက်ရာမှာတပ်ကြပ်ကြီး အပါအဝင် မြန်မာစစ်သည် အများအပြားသေဆုံး ကြောင်းသျှမ်း တပ်အရာရှိတဦး ကပြောပါသည်။

ထို့ပြင် ကျေးလက်လူထုအား သျှမ်းသူပုန်စွပ်စွဲ၍ ဖမ်းဆီးရိုက်နှက်စစ်ဆေးခြင်း၊ ဒေသခံများ၏ ကြက်၊ ဝက်များ ကို ယူငင်စားသုံးခြင်းပြုလုပ်နေသော မြန်မာစစ်တပ်နှင့် ပူးပေါင်းသည့် ပြည်သူ့စစ်တပ်ဖွဲ့ များကိုလည်း သျှမ်းပြည်တပ်မတော်က ဝင်ရောက်ပစ်ခတ်ခဲ့သေးသည်ဟု ဆို၏။


ရက်စွဲနှင့်တိုက်ပွဲနေရာကိုအောက်ပါအတိုင်း အမည်မဖော်လိုသည့် SSPP/SSA အရာရှိတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

ဇွန် ၁၇ ရက် ၂၀၁၁

မနက် ၄ နာရီ - မိုင်းရူးမြို့နယ် မိုင်းအောတ်အုပ်စု အခြေစိုက်မြန်မာတပ်စခန်းအား SSPP/SSA တပ်မဟာ ၇၁ တပ် ရင်း ၇၆၆ က ဝင်ရောက်ပစ်ခတ်။

မနက် ၆ နာရီခွဲ - မိုင်းရယ်မြို့နယ် ဝမ့်ပုံ ဝမ့်ဖိုင်အုပ်စု ဖတ်နမ်းလုံလျဲန်းရွာစခန်းချ မြန်မာစစ်တပ်အား SSPP/SSA တပ်မဟာ ၇၂ တပ်ရင်း ၆၀၁ က ဝင်ရောက်ပစ်ခတ်။

မနက် ၁၀ နာရီမှ ၁၀ နာရီခွဲအထိ - မိုင်းနောင်မြို့ ငှက်ရုပ်တောင်အနီး ကုန်းမိုက်ညောင် ၌ မြန်မာစစ်တပ် ခမရ ၂၈၆ အား SSPP/SSA တပ်မဟာ ၇၂ မှ တပ်ကြပ် စိုင်းတောဦးဆောင်သော တပ်စိပ်တစိပ်ကဝင်ရောက် ပစ်ခတ်တိုက် ခိုက်။ မြန်မာတပ်သားတဦးကျ။

မွန်းလွဲ ၁ နာရီ ၄၀ မိနစ်မျ ၂ နာရီအထိ - တန့်ယန်း - လားရှိုး ကားလမ်းပေါ် ရှိ မိုင်းရယ် အခြေစိုက်ခလရ ၆၇ နှင့် ဗိုလ်မွန်းဦးဆောင်သော မန့်ပန်ဌာနေပြည်သူ့စစ်ပူးပေါင်းသည့်တပ်စခန်းအား သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ ၏ မြို့နယ်အုပ်ချူပ်ရေးအမှတ် ၉ လုံခြူံရေးတပ်က ဝင်ရောက်တိုက်ခိုက်။ တပ်ကြပ်ကြီး တဦး အပါအဝင် မြန်မာစစ် တပ်ဖက်မှ ၃ ယောက်သေဆုံး။ မြန်မာစစ်တပ်ထံမှ (ဗိုလ်မွန်းအဖွဲ့၏လက်နက်ဟုယူဆ ရသော) M 22 တလက်ကို SSPP/SSA မှ သိမ်းဆည်းရမိ။

ညနေ ၄ နာရီ- စိန်ကျော့အုပ်စု အနီး ခိုင်းချိုရွာ၌လှုပ်ရှားသော မြန်မာစစ်တပ်မှ တပ်ဖွဲ့တဖွဲ့အား SSPP/SSA တပ် မဟာ ၁ ၏ တပ်ရင်း ၂၄၆ က ပစ်ခတ်တိုက်ခိုက်။ မြန်မာစစ်တပ်ဖက်က ၅ ယောက်သေဆုံး။ ၄င်းတို့၏ MA တလက် ကို SSPP/SSA မှ သိမ်းဆည်းရမိ။

ည ၈ နာရီ ၁၅ မိနစ်- တပ်မဟာ ၁ ၏ မြို့နယ်အုပ်ချူပ်ရေးအမှတ် ၁၀ လုံခြုံရေးတပ်က နမ့်ပေါင်မြို့ အဝင်ဂိတ် အား ဝင်ရောက်ပစ်ခတ်။ မြန်မာတပ်သား ၁ ယောက်သေ။ ၂ ယောက်ဒဏ်ရာရရှိ။

ဇွန် ၁၈ ရက် ၂၀၁၁

ညသန်းခေါင်ယံ- မိုင်းကောင်မြို့နယ် နမ့်လောင်းအုပ်စု ဖတ်ကုမ်းရွာဒေသခံများအား လိုက်လံ နှောင့်ယှက် နေသော လားဟူပြည်သူ့စစ်တပ်ဖွဲ့အား သျှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ မှတပ် ဖွဲ့ တဖွဲ့က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်။ လားဟူ ပြည်သူ့စစ် ၂ ယောက်သေဆုံး။ အဆိုပါ လားဟူ ပြည်သူ့စစ်မှာ ရွာသားများ၏ ခြံထွက်သီးနှံများနှင့် အိမ်မွေး ကြက်ဝက်များအား ခွင့်မတောင်း ဘဲ သတ်ဖြတ်ယူငင်စားသောက်ခြင်း၊ရွာထိပ် နတ်နန်းအားသွားရောက် ပသသည့် ရွာသားများအား သျှမ်းသူပုန်နှင့်အဆက်အသွယ်ရှိသည်ဟုဆိုကာရိုက်နှက် စစ်ဆေးမေးမြန်းခြင်းစသည့် လူ့အခွင့် အရေးချိုးဖောက်နေမှုတို့ကြောင့် SSPP/SSA မှသတိပေးပစ်ခတ်ခြင်း ဖြစ်သည်ဟုဆို။

ယခုလဆန်းပိုင်း မြန်မာစစ်တပ်နှင့် ကချင်တပ်မတော်အကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွါးနေသည့် ကာလ အတွင်း သျှမ်းပြည်တပ်မတော်နှင့်ဖြစ်ပွါးသော တိုက်ပွဲ အနည်းငယ် ငြိမ်သက်သလိုရှိရာမှ ယခု စနေ တနင်္ဂနွေ၌ ၁၀ နေရာထက်မနဲ SSPP/SSA က မြန်မာစစ်တပ်အား ဆက်တိုက်ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည်။

Source By Source by SHAN"


Read more...

No comments:

Post a Comment