Thursday, November 24, 2011

အစိုးရကိုယ်စားလှယ် နှင့် တွေ့ဆုံစဉ် SSA နှင့် တိုက်ပွဲဖြစ်

မြန်မာအစိုးရကိုယ်စားလှယ် နှင့် သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် တို့ တွေ့ဆုံ စဉ် သံလွင်အရှေ့ခြမ်း မိုင်းယောင်းမြို့နယ် အတွင်း တိုက်ပွဲတခုဖြစ်ပွားခဲ့ပါသည်။“တွေဲ့ဆုံကြတဲ့ ၁၉ ရက် စနေ နေ့မှာ တိုက်ပွဲဖြစ်တာ။ ရင်ဆိုင်တိုက်ပွဲပေါ့။ အစိုးရ တပ်ဘက် အကျအရှုံး ရှိတယ်” - ဟု တာချီလိတ် ရောက်ဒေ သခံ တဦးကပြောပါသည်။

သျှမ်းပြည်တပ်မတော်သားများ (ဓါတ်ပုံ- RCSS)

ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် ခေါင်းဆောင်သည့် သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရ ကိုယ်စားလှယ် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်သော အဖွဲ့ ထိုင်းနယ်စပ်၌ တွေ့ဆုံ သည့် နိုဝင်ဘာ ၁၉ ရက်၌ သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်း အခြေစိုက် တပ်ရင်းတခု နှင့် သျှမ်း ပြည်တပ်မတော်တို့ တိုက်ပွဲငယ်ဖြစ်ပွားခဲ့ကြောင်း၊ အစိုးရဘက်က ဂျီ - ၃ တလက် ကျည်ကဒ် တခုနှင့် ကျည်ဆံ အတောင့် ၂၀ ဆုံးရှုံး သွားကြောင်း မိုင်းယောင်း အခြေစိုက်တပ်ရင်း နှင့် နီးစပ်သည့် သူတဦးက ဤကဲ့သို့ပြောပါသည်။

“သေတဲ့သူလဲရှိမှာပေါ့။ မသေဘဲ နဲ့ သေနတ်ဘယ်လိုလုပ်ရှုံးမှာလဲ။ လူထုမသိအောင် သူတို့ဖုံးဖိထား တယ်လေ။” - ဟု ဆို၏။
ထို့အတူ ပြီးခဲ့သည့် တနင်္လ࿿ာ (နိုဝင်ဘာ၂၁ ရက်) နေ့ ကလည်း သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ မြောက်ဘက် ပိုင်း ၌ သေနတ်သံ၊ လက်နက်ကြီးသံ ကြားနေရသေးကြောင်း ပင်လုံမြို့ခံတဦးကလည်းပြောပါသည်။

“ ဆွေးနွေးကြတယ်လဲပြောတယ်။ ခုထိသေနတ်သံကကြားနေရတုန်းဘဲ။သူတို့ရဲ့ ဆွေးနွေးပွဲ အထမြောက်အောင် မြင်ပါ့မလား” ဟု အဆိုပါပုလ်ကဆက်ပြောသည်။

နိုဝင်ဘာ ၁၉ ရက်နေ့ သျှမ်းပြည်တပ်မတော် နှင့် အစိုးရကိုယ်စားလှယ်တို့တွေ့ဆုံစဉ် - အပစ်ခတ်ရပ်စဲရေး၊ ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရေး နယ်မြေဖြတ်သန်းရေးကိစ္စနှင့် အနာဂတ်တွင် ထပ်မံဆွေးဖို့ရန် ပြင်ဆင် သတ်မှတ် ရေး စသည့်အချက်များပါဝင်သကဲ့သို့ သျှမ်းပြည်တပ်မတော်ကိုယ်စားလှယ်တို့ကလည်း နိုင်ငံရေး ပြဿနာ တွေ ကိုဖြေရှင်းရေး ၊ အထူးဖွံ့ဖြိုးရေးဒေသထားရှိရေးနှင့် မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေးတို့ ပါဝင် ကြောင်း သိရှိရပါသည်။

Source by Source by SHAN"
Read more...

No comments:

Post a Comment