Thursday, November 24, 2011

မြန်မာအစိုးရက ဓါတုလက်နက် စနစ် နှစ်မျိုးဖြင့် KIA အား တိုက်

မြန်မာပြည်မြောက်ပိုင်းတွင် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့KIA နှင့် ဖြစ်ပွားနေသော တိုက်ပွဲများတွင် မြန်မာ အ စိုးရတပ်က ဓါတုလက်နက် စနစ် နှစ်မျိုးကို အသုံးပြုနေသည်ဟု မျက်မြင်များပြောသည်။

စစ်ပွဲအတွင် မြန်မာစစ်တပ်မှ သိမ်းယူထားသော ဓာတုလက်နက်ကို ကေအိုင်အေ လက်နက်ကျွမ်းကျင်သူ တစ်ဦးက စစ်ဆေးနေပုံ။

လူကိုအဆိပ်သင့်စေသော ဓါတ်ငွေ့များပါဝင်သည့် လက်နက်စနစ် နှစ်မျိုးကို မြန်မာအစိုးရက မန်မော် (ဗန်းမော်) ခရိုင် အင်မောက် (မိုးမောက်)မြို့နယ်၊ ဖကောန် (Hpakawn)ဒေသမှ တိုက်ပွဲများတွင် KIA ကိုတိုက်ခိုက်ရာ၌ အ သုံးပြုနေခြင်းဖြစ်သည်ဟု ဆိုသည်။အမျိုးအမည်မသိသေးသည့် ထိုဓါတုလက်နက်များကို နိုဝင်ဘာလ ဒုတိယ အ ပတ်တွင် ဖကောန်ကျေးရွာသို့ ထိုးစစ်ဆင်ရာ၌ မြန်မာအစိုးရက အသုံးပြုနေခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

မြန်မာစစ်တပ်များ အသုံးပြုသည့် ဓာတုအဆိပ်ငွေ့များ ပစ်ခတ်သော လက်နက်။

ဓါတု လက်နက်ပါဝင်သည့် လက်နက်ကြီးကျည်သည် သာမန် လက်နက်ကြီး ကျည်ထက် ပေါက်ကွဲသံ ပိုကျယ် လောင်ကာ ပထမ အမျိုးအစားသည် လေထုအတွင်း ပေါက်ကွဲခြင်းဖြစ်ပြီး ဒုတိယ အမျိုးအစားသည် မြေကြီးပေါ် ကျမှသာ ပေါက်ကွဲသည် ဟုဆိုသည်။ပေါက်ကွဲပြီးနောက် အမည်းရောင်နှင့် မီးခိုးရောင် နှစ်မျိုးထွက်ပေါ်လာသည် ဟု မျက်မြင်များပြောသည်။ထိုမီးခိုးငွေ့များကို ရှူရှိုက်မိသူများ အဆိပ်သင့်ကာ သတိလစ်ခြင်း၊ အမြင်အာရုံေ၀၀ါး သွားခြင်း၊ အော့အန်ခြင်းနှင့် နုံးချိ ချိနဲ့သွားခြင်းများ ဖြစ်ပေါ်စေသည်ဟု ဒေသခံများပြောသည်။

သမ္မတ ဦးသိန်းစိန်အစိုးရ က တိုင်းရင်းသားပေါင်းစုံ နေထိုင်သည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်နေ သည်ဟု နိုင်ငံတကာ ကို ပြောဆိုနေချိန် KIA အား တပ်ရင်း ၁၀၀ ကျော်မှ စစ်အင်အား အလုံးအရင်းဖြင့် တိုက် ခိုက်နေပါသည်။

Source by Source by KNG"

Read more...

No comments:

Post a Comment