Tuesday, September 6, 2011

UWSA အတွင်းရေး ၀ီကီလိတွင် ဖော်ပြ

ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တွင် အမေရိကန်လုပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက် ၃၀ ထက် မနည်း ပိုင်ဆိုင်ထားသဖြင့် အစိုးရ စစ်တပ်က တိုက်ခိုက်လာလျှင် မှုစရာမလိုဘဲ အသာစီးရမည်ဟု အ ဖွဲ့၏ တာဝန်ခံတဦးက ပြောဆိုကြောင်း ၀ီကီလိ (wikileaks) အင်တာနက်စာမျက်နှာတွင် သောကြာနေ့က ဖော် ပြခဲ့သည့် လျှို့ဝှက်ကြေးနန်းစာတစောင်တွင် ရေးသားထားသည်။

UWSA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - S.H.A.N.)
ရန်ကုန်မြို့ အမေရိကန်သံရုံးမှ သံရုံးအရာရှိ Marc Shaw က ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလတွင် အမေရိကန် နိုင်ငံ ခြားရေး ဌာနသို့ ပေးပို့ခဲ့သော အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အား UWSA က လက် မခံကြောင်း ဖော်ပြထားသည့် လျှို့ဝှက်အစီရင်ခံစာတွင် ထိုသို့ ရေးထားခြင်း ဖြစ်သည်။
သောကြာနေ့တွင် ၀ီကီလိခ်က ဖွင့်ချလိုက်သည့် အမေရိကန်နိုင်ငံခြားရေးဌာန၏ လျှို့ဝှက်အစီရင်ခံစာများ တွင် ရန်ကုန်မြို့ အမေရိကန် သံရုံးက ပေးပို့သည့် မြန်မာနိုင်ငံနှင့်ဆိုင်သော သတင်း အချက်အလက် အများအပြား ပါ ၀င်နေသည်။
အမေရိကန် သံရုံး တာဝန်ရှိသူတို့နှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသော ဦးစိုးသန်းသည် မန္တလေးတက္ကသိုလ်ဘွဲ့ရခဲ့ သူတဦးဖြစ်ကာ UWSA ခေါင်းဆောင်များနှင့် မြန်မာအစိုးရ တာဝန်ရှိသူများအကြား သံတမန်တဦးကဲ့သို့သူ့ကိုယ်သူ ပြောဆိုသည်ဟု လျှို့ဝှက် အစီရင်ခံစာက ဆိုသည်။
UWSA သည် ငွေကြေး အကူအညီကို တရုတ်နိုင်ငံမှ ရယူခဲ့သည် ဟူသော ဦးစိုးသန်း၏ ပြောကြားချက်ကို လည်း ကိုးကားထားသည်။
UWSA ဌာနချုပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆန်းဒေသ၌ တည်ရှိပြီး မိုင်းတုံ၊ ပုံပါကျင် စသည့် မြို့နယ်များတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ လှုပ်ရှားလျက်ရှိသည်။ ၀-တပ်ဖွဲ့သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက် နက်ကိုင် တပ်ဖွဲ့များ အနက် အင်အားအကောင်းဆုံး တပ်ဖွဲ့ ဖြစ်သည်။ တပ်သား အင်အားသုံးသောင်းဝန်းကျင်နှင့် အရံအင်အား တသောင်း ရှိပြီး စစ်ရေးအင်အားတောင့်တင်းလာခြင်းကို မြန်မာအစိုးရက စိုးရိမ်ခဲ့သည်ဟု အစီရင် ခံစာက ဆိုသည်။
UWSA သည် ယခင် နအဖ စစ်အအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးရယူခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အစိုးရက ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်ခံခြင်း မရှိသော ၎င်းတို့၏ မူဝါဒအား အမေ ရိကန်အစိုးရကို သိစေလိုပုံရသည်ဟု အစီရင်ခံစာတွင် ရေးထားသည်။
ရန်ကုန်မြို့၌ UWSA ပိုင်ဆိုင်သော စီးပွားရေး ကုမ္ပဏီ ၂၀ ၀န်းကျင်ရှိပြီး၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊သတ္ထု တူးဖော်ရေး၊ ကျောက်မျက်လုပ်ငန်းများ၊ ကျွန်းသစ်၊ သယ်ယူပို့ဆောင်ရေး၊ Yangon City ဟိုတယ်၊ NASA တေး ထုတ်လုပ်ရေး အပါအ၀င် လုပ်ငန်း အများအပြား ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ ထိုလုပ်ငန်းများ၏ ရုံးချုပ်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် အခြေစိုက်ထားသည်။
ဝီကီလိ၏ ဖွင့်ချချက်များတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပတ်သက်သောအကြောင်းအရာ များလည်း ပါဝင်ပြီး NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးသည် စာ အလွန်ဖတ်သူတဦးဖြစ်ကာ National Geographic နှင့် Irrawaddy မဂ္ဂဇင်းတို့ကို ကြိုက်နှစ်သက်ကြောင်းလည်း ရေးသားထားသည်။
မြန်မာစစ်ဗိုလ်ချုပ်များနှင့်ပတ်သက်သော အကြောင်းအရာများကိုလည်း အမေရိကန်သံရုံးက အနီးကပ် စောင့်ကြည့်နေကြောင်း ရေးသားထားပြီး မြန်မာနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံတို့ ၂၀၀၆ ခုနှစ် အတွင်းလက် နက်အရောင်းအ၀ယ်ပြုလုပ်ခဲ့သည့် သတင်းများလည်း ဖော်ပြထားသည်။
၂၀၁၀ ပြည့်နှစ် နှောင်းပိုင်း ထွက်ပေါ်လာသော အစီရင်ခံစာ တစောင်တွင် အာဆီယံနိုင်ငံများဖြစ်သည့် မြန်မာ ၊ လာအိုနှင့်ကမ္ဘောဒီးယား တို့သည် အာဆီယံ နှင့် ပတ်သက်သော အတွင်းရေးသတင်း အချက် အလက်များကို တရုတ်နိုင်ငံသို့ လက်ထောက်ချခဲ့သည်ဟု စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုက ပြောဆိုကြောင်း ဖော်ပြခဲ့ သည်။
ယခင်က လျှို့ဝှက်အစီရင်ခံစာများကို ဖွင့်ချရာတွင် သံရုံးသတင်းပေးသူတို့၏ အမည်တို့ကို ဖျက်ပြီးမှ အင် တာနက်တွင် ဖော်ပြခြင်း ဖြစ်သည်။ သို့သော်လည်း သောကြာနေ့က ၀ီကီလိ စာမျက်နှာတွင် အစုလိုက်အပြုံ လိုက် ဖော်ပြလိုက်သော ဖွင့်ချချက်များတွင်မူ သတင်းပေးသူတို့၏ အမည်များကို ဖျက်ထားခြင် မရှိပေ။
နိုင်ငံပေါင်း ၁၀၀ ကျော်မှ အမေရိကန်သံရုံးများကို သတင်းပေးသူတို့၏ အမည်များ၊ အချက်အလက်များ အသေးစိတ် ပါဝင်နေသဖြင့် ၎င်းတို့အတွက် စိုးရိမ်ရသည် ဟူသော သုံးသပ်ချက်များ ပေါ်ထွက်နေသည်။

Source by Source by Irrawaddy"
Read more...

No comments:

Post a Comment