Friday, February 11, 2011

မြောက်ပိုင်း SSA ဌာနချုပ် ကုန်/ ခရီးသည်ကားသွားခွင့်မပြု နအဖ ယာဉ်တန်းသျှမ်းအလယ်/ အရှေ့ချီတက်

E-mail Print

လားရှိုးဘက်မှလာသော ကုန်ကား/ခရီးသည်တင် ကားကြီး/ ငယ်အားလုံး သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ဝမ့်ဟိုင်းဌာနချုပ်ဘက်သို့ သွားခွင့်မပြု၊ သို့သော် သံချပ်ကာ ကားအပါအဝင် နအဖ စစ်ယာဉ်တန်း ကြီးငယ်အင်များ သျှမ်းပြည် အလယ်ပိုင်း/ အရှေ့ပိုင်းသို့ အများအပြား ချီတက်လာနေကြောင်း စုံစမ်းသိရှိရပါသည်။






“အဓိက ဝမ့်ဟိုင်းဌာနချုပ်ကို ဖြတ်လေးဖြတ် စနေပြီ။ ဒါ ဝမ့်ဟိုင်းကို ပထမဆုံးအကြိမ် ဖြတ်တာဘဲ။ နောက် ပြီးတော့ တောင်ကြီး ကနေတက် လာတဲ့ သံချပ်ကာကားတွေ ရိက္ခာတင်ကားတွေ လုံခြုံရေးအပြည့်နဲ့မိုင်းနောင် ဘက်ရောက် နေတယ်။ ဝမ့်ဟိုင်းဌာနချုပ် တက်တဲ့ လမ်းတ လျှောက် ရွာတွေမှာဗမာစစ်သား အင်အားဖြည့် ထားတာလဲတွေ့ရတယ်” ဟု ဝမ့်ဟိုင်းဌာနချုပ်မှ မိသားစုဝင်တဦးကပြောပြသည်။

မိုင်းရှူးသို့သွားမည့် ကားများ ဝမ့်ဟိုင်းဌာနချုပ်အားဖြတ်သန်းခွင့်မပြုပါက ခရီး နှစ်ဆ မကရှည်သွား၏။ လားရှိုး - မိုင်းရယ် မှ လာသော ကားများ နမ့်ပုတ်/လမ်းခွဲ မှ ဝမ့်ဟိုင်း - မိုင်းရှုးသို့ သွားလျှင် ၁၅ မိုင်လောက်သာ ရှိသော်လည်း၊ လမ်းခွဲမှ အနောက်တောင်ဘက် ကျေးသီး -မိုင်းနောင် မှ မိုင်းရှုးသို့သွားလျှင် မိုင်တိုင် ၃၀ မက ခရီးပိုရှည်သွားကြောင်း လားရှိုးမှကုန်သည်တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

“ကျေးသီးကနေ အရှေ့ဘက်တည့်တည့် ဆင်းသွားရင် ဝမ့်ဟိုင်း ဝမ့်ဆော့ကျော်သွားရင် မိုင်းရှူးရောက်ပြီ။အခုအဲ့ လမ်း ကို နမ့်ပုတ် နအဖဂိတ်က ပိတ်လိုက်ပြီဆိုတော့ ကျေးသီးကနေ တောင်ဘက်ဆင်းသွားရမှာ မိုင်းနောင် လမ်းခွဲကနေ မြောက်ဘက်ပြန် တက်ရမှာ။ ပတ်လမ်း ဖြစ်နေတော့ ခရီးဝေးတယ်”
ဟု ကုန်သည်တဦးက ပြောသည်။

သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ဝမ့်ဟိုင်းဌာနချုပ်ဘက်ကုန်/ခရီးသည်ကားအမျိုးမျိုးဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခြင်းနှင့်ပါတ်သက်၍ SSA အရာရှိတဦးက - “ အပစ်ရပ်လာတဲ့ နှစ် ၂ဝ ကာလ အတွင်း အခုလို ကျနော်တို့ကို ဖြတ်တာဟာ ပထမဆုံးအကြိမ်ပါဘဲ။ နအဖရဲ့ပေါ်လစီဖြစ်နေတာမို့ ကျနော်တို့စီးပွါးရေးပျက်ပြား အောင်၊ ကျနော်တို့ ကောင်းကောင်းမနေရအောင်၊ သူဆက်လုပ်သွားမှာဘဲ။ ဒါကြောင့် ကျနော်တို့နေ တဲ့ဘက်ကို စစ်အင်အားတွေအဆက် မပြတ်ပို့နေတာပေါ့” ဟု ပြောပါသည်။

တောင်ကြီးမှတက်လာသော နအဖ စစ်သည်/ရိက္ခာယာဉ်တန်းများ မိုင်းနောင်ကျော်လွန်ကာ ဝမ့်ဟိုင်းအတက်လမ်း ဝမ့်ကောဝ်နမ့်ဝ၊ဝမ့်စန်း၊ ဝမ့်ကျောင်း တို့တွင် အင်အားဖြည့်ထားသည်ကိုတွေ့ရကြောင်း၊ ပြီးခဲ့သည့် ရ/၂/၁၁ ရက်နေ့ကလည်း ဝမ့်ကျောင်းရွာဘက် လှုပ်ရှားသော ခလရ ၆၄ တပ်က ရွာသား ၃ ယောက်အား ဘော်ဒါဆွဲကာ ယနေ့တိုင်ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း အမည်မဖော်လိုသည့် မိုင်းနောင်မှ ဝန်ထမ်း တဦး က ပြောပြသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်းမှတဆင့် သံလွင်မြစ်ဖြတ်ကာ မိုင်းတုံ - မိုင်းဆတ်ဘက်သို့ နအဖစစ်ယာဉ်တန်း များ တရက် ၄-၅ စီးထက်မနည်း တက်သွားသည်ဟု မျက်မြင်များက ပြောပြပါသည်။

Read more...

No comments:

Post a Comment