Monday, February 7, 2011

စစ်တိုင်းရုံးသစ်အခြေစိုက် တိုးချဲ့ ကာလိ မြို့နယ်ခွဲအတွင်း စပါးခင်းများ ကြွက်ဖျက်ဆီး


စစ်တိုင်းရုံးသစ် တိုးချဲ့နေသည့်ကာလိမြို့နယ်ခွဲအတွင်း ယာစပါးခင်းများအားကြွက်ဖျက်ဆီးပြီးဆန်ဈေးလည်း တက်နေ သဖြင့် ကျေးလက် ဒေသခံများအခက်တွေ့ နေရကြောင်း စုံစမ်းသိရှိရပါသည်။

ထိုင်းနိုင်ငံရောက် သျှမ်းဒုက္ခသည်များ

“တခါမှ မကြုံဖူးဘူး။ ကြွက်တွေ ဘယ်ကလာလဲမသိဘူး။ မှဲ့ဝင်းနေတဲ့ တောင်ယာစပါးတွေကို ကြွက်က ဝင်တွယ်တာ။ ရိတ်ဖို့ ဘာမှတောင် မကျန်ဘူး။ မျက်ရည်နဲ့ မျက်ခွက်ပဲ။ စားစရာမရှိအောင်ဖြစ်သွားတာ” - ဟု လယ်သမားတဦးက ပြောပါသည်။

တောင်ယာ စပါးအား ကြွက်များဖျက်ဆီးသောကြောင့်၊ လူငယ်တချို့ မြို့ထဲဆင်းပြီး ကြုံရာအလုပ်ဝင်လုပ်ရကြောင်း၊ တချို့မိသားစုများလည်း ထိုင်းသို့ ထွက်ပြေးအလုပ်လုပ်ရန် စီစဉ်နေကြောင်း၊ အများစုမှာ တိုးချဲ့စစ်တိုင်းရုံးသစ် ဆောက်လုပ်ရေးလုပ်ငန်း၌ ၀င်ရောက် လုပ်ကိုင်နေရကြောင်း ကျေးလက်ဒေသခံတဦးက ဤကဲ့သို့ပြောပြပါသည်။

“ အလုပ်ချိန်က မနက် ၈ နာရီ ကနေ ညနေ ၅ နာရီအထိ။ အလုပ်သမားက တနေ့ ၂၀၀ လောက်ရှိတယ်။ အသက် ၉ နှစ် ၁၀ ကနေ ၁၄-၁၅ နှစ်ကလေးတွေဆိုရင် ၂၀၀၀ ကျပ်ဘဲပေးတယ်။ အလုပ်ကောင်းကောင်းလုပ်နိုင်တဲ့အရွယ် မိန်းခလေးဆို ၂၅၀၀ ကျပ်။ ယောက်ကျား လေးက ၃၀၀၀ ကျပ် ပေးတယ်”

လက်ရှိ သျှမ်းပြည် ဆန်ပေါက်ဈေးမှာ - ဗမာဆန် တအိတ် ၃၃၀၀၀ ကျပ်၊ သျှမ်းဆန် တအိတ် ၃၀၀၀၀ နှင့် ၄၀၀၀၀ အကြားရှိ၏။ ယခုနှစ် စပါး ထွက်နှုန်း မကောင်းသောကြောင့်လည်းကောင်း၊၀န်ဆောင်ခစရိတ်ကြီးမြှင့်ခြင်း ကြောင့် လည်းကောင်း ဆန်ဈေးမြှင့်တက်ရခြင်းဖြစ် သည်ဟု ဆိုသည်။

“ကားခအရမ်းဈေးကြီးတယ်။ အရင်က တင်ခ တအိတ် ၁၀၀၀ ကျပ်။ အခု နောက်ပိုင်း တအိတ် ၃၀၀၀ ကျော်အထိတက် တယ်။ အဲဒါကြောင့်ဆန်ဈေးတက်တယ်။” ဟု ကုန်သည်တဦးက ပြောပါသည်။

ယခင်လက အာစီယံစံနှုန်းအတိုင်း ပြည်တွင်းကုန်တင်ကားများ တင်ရမည့်ကုန်အလေးချိန်ကန့်သတ်ချက်ထွက်ပြီး နောက်ပိုင်း ယခုကဲ့သို့ ကုန်တင်ခများ ဈေးကြီးလာခြင်းဖြစ်ကြောင်း ကားသမားတဦးကလည်း ပြောပြသည်။ဗမာဆန် တအိတ်လျှင် ဆန် ၂၄ ပြည်၊ သျှမ်းဆန် တတင်းအိတ် ၁၆ ပြည် ရှိသည်ဟု လည်း သိရပါသည်။

တိုးချဲ့နေသည့် အရှေ့အလယ်ပိုင်းတိုင်းသစ်သို့ ဂျန္န၀ါရီလကုန်ပိုင်း စစ်အင်အား ၁၀၀၀ ပို့ဆောင်တပ်ချနိုင်ရန် နအဖက ပြင်ဆင်နေပြီး တပ် တည်ဆောက်ရေးအတွက်လည်း နောင်ငင်းရွာ ကျေးလက်ဒေသခံများထံမှ မြေယာ ဧက ၃၀၀ ခန့် ဈေးနှိမ်ဝယ်သိမ်းယူခဲ့၏။ တည်ဆောက် ရေး စီမံကိန်း၌ နေ့စားအလုပ်သမားများအား ပေးချေရန် ပိုက်ဆံအားလည်း ကာလိမြို့်ခွဲအတွင်းဆိုင်ခန်းပေါင်း ၁၀၀ ကျော်ထံမှ တခန်းလျှင် ကျပ် ၁ သိန်း ရံပုံငွေကောက်ယူခဲ့၏။ ထိုအနက် ရွှေဆိုင် ၁၀ ဆိုင်လည်းပါရာ တဆိုင်လျှင် ကျပ် ၄ သိန်း ကောက်ယူခဲ့သည်ဟုလည်း ရွှေဆိုင်ပိုင်ရှင် တဦးကပြောပြပါသည်။ Read more...

No comments:

Post a Comment