Wednesday, February 2, 2011

ဝေဟင်ပစ် ဒုံးလက်နက် ပစ်ခတ်မှု နအဖ တပ်လေ့ကျင့်


နအဖ၏လေကြောင်းရန်ကာကွယ်တပ်များ က(ရုရှားလုပ်) S 125 Neva / Pechoraအမျိုးအစားမြေပြင်မှဝေဟင်ပစ် လက်နက်ကြီး များ ပစ်ခတ်မှုကို ပြီးခဲ့သည့် ဂျန္နဝါရီလ ဆန်းပိုင်းမှစ၍ ယနေ့အထိ လေ့ကျင့်နေကြောင်း စစ်တပ် အသိုင်းအဝိုင်းမှလာသော သတင်းအရသိရသည်။

001- S 125 Neva / Pechora အမျိုးအစားမြေပြင်မှဝေဟင်ပစ်လက်နက်ကြီး

“လေကြောင်းရန်ကာကွယ်ရေးစခန်း ဌာနချုပ်ရှိတဲ့နေရာတိုင်းမှာလေ့ကျင့်နေတယ်။ ရုရှားလုပ် ဝေဟင်ပစ် ဒုံးလက်နက် တွေပစ်ကျင့်တာ။ ၂၇ ကီလိုမီတာ အထိရောက်တဲ့အကွာအဝေးတဲ့။ ဒုံးကျည်က အသံထက် ၃ ဆကနေ ၃.၅ ဆ အထိ မြန်တယ်” - ဟု တောင်ကြီး စစ်တပ်မိသားစုဝင်တဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

၁၉၆၃ က စတင်ထုတ်လုပ်သော အဆိုပါ ဒုံးလက်နက်ကို NATO က SA-3 Goa ဟုခေါ်ဆို၏။

“အဲဒီဒုံးကျည်ကို ကားနဲ့ တနေရာကနေ သယ်ယူလို့ရတယ်။ တိုက်ပွဲဖြစ်လာရင် သွားကူဖို့လွယ်တာပေါ့။ ဒါမျိုးလက်နက် ရှိတာနိုင်ငံပေါင်း ၄ဝ လောက်ဘဲရှိတယ်”
- ဟု ၎င်းကဆက်ပြောပြသည်။

အဆိုပါဒုံးကျည်ကို အရှေ့အလယ်ပိုင်း Yom Kippur စစ်ပွဲ၊ ကိုဆိုဗို စစ်ပွဲ၊ အီရန်- အီရဂ် စစ်ပွဲ၊အင်ဂိုလာပြည်တွင်း စစ်ပွဲတို့တွင် အသုံးပြုခဲ့ဖူးကြောင်း ဝီခီပီးဒီးယား၌ ဖော်ပြထားသည်။

ဒီဇင်ဘာလနှောင်းပိုင်းနှင့် ဂျန္နဝါရီလဆန်းပိုင်းက ကျိုင်းတုံ နှင့် နမ့်ဇန်မြို့ နအဖရေဒါတပ်စခန်းတို့မှ အမည်မသိ UAV Unmanned Aerial Vehicle လေယာဉ် တွေ့ရှိပြီး နအဖ ၏ လေကြောင်းရန်ကာကွယ်ရေးစခန်းဌာနချုပ်တွေကပစ်ချရန် အမိန့်ပေးခဲ့သည့် နောက်ပိုင်း ယခုကဲ့သို့ S 125 Neva / Pechora အမျိုးအစား လက်နက်ကြီးများပစ်ခတ်မှု လေ့ကျင့်လာခြင်းဖြစ်သည်။

Read more...

No comments:

Post a Comment