Friday, January 28, 2011

တိုးချဲ့မည့် အရှေ့အလယ်ပိုင်း စစ်တိုင်းအတွင်း ခံတပ်ကြီးများ တည်ဆောက် - ဒေသခံလူထု နေရပ်မှ ထွက်ပြေး

E-mail Print

သျှမ်းပြည်အလယ်ပိုင်းမြို့နယ်ခွဲသစ်များတိုးမြင့်ထား သည့် ဒေသ/ တိုးချဲ့ အရှေ့အလယ်ပိုင်း စစ်တိုင်းသစ် ဒေသ အတွင်း နအဖခံတပ်ကြီးများအခိုင်အမာ တည်ဆောက် မှုအတွက်ကျေးလက်လူထုပိုင်လယ်ယာ ခြံမြေများ ဧကရာနှင့် ချီအဓမ္မ အသိမ်းခံရခြင်း/စစ်ဘေး စစ်ဒဏ်စိုးရိမ် ကြခြင်း တို့ကြောင့်ဒေသခံများထိုင်းနယ် စပ်သို့ထွက်ပြေးတိမ်းရှောင် နေကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

“မိုင်းရှူးတောင်ဘက် မြို့နဲ့ကပ်ရက် လွယ်ဇင်းတောင်မှာလုပ်တာလေ။ ဒီဇင်ဘာလလယ်ကတည်းကဘဲ။ ရပခ တိုင်းမှူးနဲ့ ဗိုလ်ချုပ်မောင်အေးတို့ လာကြည့် ပြီးပြန်သွားကတည်းကလုပ်နေတာ။ ခံတပ်တွေကတုတ်ကျင်းတွေ အခိုင်အမာ ကွန်ကရစ်နဲ့လုပ်တာလေ။ လက်နက်ကြီးထားမယ်လို့ လဲ သတင်းထွက်တယ်။ ၃ လ အပြီးလုပ်ရမယ်ဆို တော့ တောင်ကြီးဖက်က ဆောက်လုပ်ရေးအလုပ်သမား အယောက် ၄၀- ၅၀ ထပ်ခေါ်ရတယ်။

အဓမ္မလုပ်အားခိုင်းတာ တွေလဲ ရှိသလိုလိုကြားရတယ်။ အဲဒါကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ကြတာ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသည့် တောင်ကြီး- ကျိုင်းတုံ ကားသမား တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

တာချီလိတ်-မယ့်ဆိုင်လမ်းမှ ထိုင်းနိုင်ငံသို့ ခိုးဝင်သူများရှိသကဲ့သို့ ဟိုမိန်း-မယ့်ဟောင့်ဆောင်လမ်းမှဝင်သူများ လည်းရှိပြီး ယခင်လများထက် ယခုလအတွင်း ပိုမိုများပြား ကြောင်း တာချီလိတ်မှကားသမားတဦးက - “မိမိအဆက် အသွယ်နဲ့ထိုင်းကို ဝင်နေကြတာ၊ မိုင်းရှူး၊ တန့်ယန်း၊ မိုင်း ရယ် ကျေးသီးမြို့နယ်က ရွာသားတွေခပ်များများ။

တာချီလိတ်-မယ်ဆိုင် လမ်း၊ မိုင်းတုံ - ပုံပါကျင် - နောင်အုပ် - ချင်းဒေါဝ်လမ်း ဘက်လဲ တနေ့ တနေ့ ဆယ်ဂဏန်း ထိုင်းထဲကိုဝင်နေကြတယ်။ လုပ်အားပေး၊ ချောဆွဲ၊ လမ်းပြအဖြစ်ခေါ်တာတွေ၊ သျှမ်းသူပုန်ကိုဆက်သွယ်ကူညီ တယ်ဆိုပြီး ဖမ်းဆီးရိုက်နက်တာတွေလဲ ရှိတော့ ဘဝ လုံခြုံရေး၊ ဝမ်းရေးအတွက် ထွက်ပြေးနေကြတာ” - ဟု ဆို၏။

အဆိုပါ မိုင်းရှူးလွယ်ဇင်းတောင်သည် မဆလခေတ်ဦးက ခလရ ၉၉ တပ်စိုက်ပြီး ဗကပ ခေတ် ၁၉၇၀ ကျော်ခန့်က ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တပ်မ ၇၇ တပ်မမှူး ဖြစ်စဉ် အခြေချခဲ့ဖူး၏။ ၁၉၇၀ နောက်ပိုင်းမည်သည့်တပ်မျှ မထိုင်တော့ဘဲ ၁၉၉၀ မိုင်းရှူးရတနာ ခေတ်မှသာ ရပခလက်အောက်ခံ တပ်ရင်းများ အလှည့်ကျ စခန်းချ အခွန်ကောက်ခဲ့ရာမှ ယခုတိုင်ဖြစ်သည်။

မိုင်းရှူးမြို့ လွယ်ဇင်းတောင်အပြင် မိုင်းဇန်ရွာကြီးအနီး၌လည်း နအဖ တပ်စခန်းကြီး တိုးချဲ့တည်ဆောက်နေသည်ဟု မိုင်းရှူးအာဏာပိုင်များနှင့် နီးစပ်သူတဦးကပြောပြသည်။

“မိုင်းဇန်မှာ အရင်တုန်းက ကားလမ်းဘေးက လွယ်ကောင်းမူးတောင်မှာ တပ်ဆောက်မယ်ပြင်ကြသေးတယ်။ ဒါပေမယ့်အဲ့မှာ စခန်းချတဲ့စစ်သား တွေက မကြာခဏ နာမကျန်း / သေကြေကြတော့ အဲ့မှာတပ်မဆောက်ရဲဘဲ လွယ်ဆုံတောင်ဘက်ကိုပြောင်းတာ” ဟု ၎င်းက ပြောသည်။

မြို့နယ်ခွဲတိုးချဲ့စီမံကိန်း၌ ပါဝင်သည့်အရှေ့အလယ်ပိုင်းတိုင်းဌာနချုပ်အဖြစ်လျာထားသော ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲ၏ အရှေ့မြောက် ဘက် ၁ မိုင်ကျော်အကွာ တွင်လည်း နအဖတပ်အသစ် တည်ဆောက်လျက်ရှိကြောင်း ကာလိမှလာသော သတင်းအရသိရသည်။

“ကာလိ အရှေ့မြောက်ဘက် ၁ မိုင်ကျော်အကွာ ကာလိ-လွယ်ဖာအသွားလမ်း မှာဆောက်မှာ။ နောက်ပြီး ပြည်သူ့စစ်အသွင်ပြောင်းလိုက်တဲ့ သျှမ်းတပ်ထိန်းချုပ်နယ်မြေထဲဖြစ်နေပြန်တော့ လူတွေက မနေချင်ကြဘူး။ စစ်မှု မထမ်းမနေရ ဥပဒေကြောင့်လဲ ပါတယ်” ဟု ဆိုပါသည်။

သျှမ်းပြည်မြောက်ပိုင်းတွင်လည်း ယခင်က PSLA ပလောင်တပ်၊ ကချင် KIA / KDA တပ်နှင့် သျှမ်း SSNA တပ်တို့ထိန်းချုပ်လှုပ်ရှားခဲ့ဖူးသော နမ့်တူ၊ မိုင်းမော်၊ မိုင်းယင်၊ မိုင်းဝီး၊ နမ့်ခမ်းအသွားလမ်းဟောင်းကိုလည်း ဆင်းရွှေလီလမ်းဟု အမည်တွင်ကာ စစ်ရေးမဟာဗျူဟာ လမ်းအဖြစ် ချဲ့ထွင်မွမ်းမံ ကျောက်ခင်းနေကြောင်း သိရပါသည်။ Read more...

No comments:

Post a Comment