Friday, January 28, 2011

ထိုင်းနိုင်ငံနည်းပညာဌာန ကီလိုမီတာ 180 ပစ် လက်နက် ထိုင်းစစ်တပ်ထံပေးအပ်DTI1 ဒုံး

E-mail Print

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ထိုင်းနိုင်ငံကာကွယ်ရေးအတွက် နည်းပညာဌာန က DTI1 အမျိုးအစား ဒုံးလက်နက်အောင်မြင်စွာထုပ်လုပ်ပြီး ထိုင်းဘုရင့်တပ်မတော်ထံ မနေ့က လွှဲအပ်လိုက်ပါတယ်။

DTI.1 အမျိုးအစား ဒုံးလက်နက်အပ်နှင်းပွဲ အခမ်းအနားမှ ဓါတ်ပုံများ

ဂျန္နဝါရီ ၂၄ ရက် လုဖ်ပူရီခရိုင် ထိုင်းအမြောက်တပ်မှာ ကျင်းပတဲ့ DTI.1 အမျိုးအစား ဒုံးလက်နက် အပ်နှင်းပွဲ အခမ်း အနားကို ထိုင်းပြည်ထဲရေး ဝန်ကြီး ဌာန ဝန်ကြီး ပရဝစ် ဝုန်းဆုဝန်း က သဘာပတိ အဖြစ်ဆောင်ရွက်ပါတယ်။ ထိုင်း ဘုရင့်လေတပ် ဗိုလ်ချုပ်ကြီး ထရေ့တ် ပွန်ဆရီ က DTI.1 ဒုံးလက်နက်ကားတွေကို ထိုင်းဘုရင့်ကြည်းတပ်မတော် ဗိုလ်ချုပ်ကြီး ပရယုဒ် ကျန်အိုချား ထံအပ်နှင်းခဲ့ပါတယ်။

ထိုင်းနိုင်ငံကာကွယ်ရေး နည်းပညာဌာနက ထုတ်လုပ်တဲ့ DTI1 အမျိုးအစား ဒုံးလက်နက်ဟာ ကီလိုမီတာ ၁၈၀ အထိ ပစ်လွှတ်နိုင်ပြီး ကျရောက်ပေါက်ကွဲမယ့်ဗုံးတလုံးဟာ ဘော်လုံးကွင်းတကွင်းစာ ပျက်စီးသွားနိုင်တယ်။ အသံထက် ၅ ဆမြန်တယ်လို့ အခမ်းအနား သဘာပတိဖြစ်တဲ့ ထိုင်းပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး ပရဝစ်ဝုန်းဆုဝန်းက မိန့်ခွန်း ထဲမှာထည့်ပြောသွားပါတယ်။

သတင်းအချက်အလက်များအားလုံး http://www.dti.or.th ထိုင်းဘာသာမှ ဘာသာပြန်ဖေါ်ပြခြင်းဖြစ်ပါတယ်။

Read more...

No comments:

Post a Comment