Tuesday, March 30, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်တည်ဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုသည့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု - မဒတ ၏ ထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။ ၃၀ ရက် မတ်လ ၂၀၁၀ နှစ်။ ကြေညာချက်အမှတ် - ၀၆/၀၆/ ဦးစီး -၁၀။

၁။ ၂၀၁၀ ခုနှစ် မတ်လ ၂၉ ရက်နေ့ ကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟို အစည်းအဝေးတွင် တက်ရောက်လာသူ မြန်မာပြည်တ၀ှမ်းလုံးရှိ အဖွဲ့ချုပ်ဗဟိုဦးစီးအဖွဲ့ဝင် ကိုယ်စားလှယ် တစ်ရာကျော်က နအဖ စစ်အုပ်စု၏ မတရားသော နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ဥပဒေအရ မှတ်ပုံတင်မည် မဟုတ်သကဲ့သို့ တရားမျှတမှူမရှိသော ၂၀၁၀ ရွေးကောက်ပွဲကို လည်း ၀င်ရောက်ရှင်ပြိုင်မည် မဟုတ်ဟူ၍ကန့်ကွက်သူမရှိ ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းသည် မြန်မာပြည်သူလူထုဘက် ပြတ်ပြတ်သားသားရပ်တည်သည့် သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်သည် ဟု မဒတ တပ်ပေါင်းစုမှ တခဲနက်ထောက်ခံကြိုဆို လိုက်ပါသည်။


၂။ တဘက်သတ်ရေးဆွဲထုတ်ပြန်ခဲ့သည့် ဥပဒေများသည် ဒီမိုကရေစီလမ်းကြောင်းဆီသို့ မည်သို့မျှရောက်ရှိနိုင်မည် မဟုတ်သလို အမျိုးသားပြန်လည်သင့်မြတ်ရေးလည်း ရရှိနိုင်မည် မဟုတ်သည့်အတွက် မတရားသည့်ဥပဒေမှန်သမျှကို တာဝန်အရဖီဆန်ရမည်ဖြစ်ကြောင်း လူထုကိုယ်စားပြုသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းရင်းသားမြန်မာပြည်သူလူထုတ ရပ်လုံးကို ပြတ်ပြတ်သားသား ဦးဆောင်လိုက်ခြင်းပင်ဖြစ်သည်။

၃။ ထို့ကြောင့်နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တိုင်းရင်းသားမြန်မာပြည်သူ လူထုတရပ်လုံးက စုစည်းညီညွတ်စွာ ၀န်းရံပံ့ပိုးလှုပ်ရှားကြရန် မဒတ တပ်ပေါင်းစုမှ အထူးနှိုးဆော်တိုက်တွန်းလိုက်ပါသည်။ မိမိတို့အမျိုးသားဒီမိုကရေစီတပ် ပေါင်းစုမှလည်း အဖွဲ့ချုပ်၏နိုင်ငံရေးရပ်တည်ချက်ကို ၀န်းရံထောက်ခံပြီး လူထုတရပ်လုံးနှင့်အ တူဟန်ချက်ညီသော တိုက်ပွဲသဏ္ဌန်စုံဖြင့် အာဏာရှင်ဖျက်သိမ်းရေးတိုက်ပွဲအရှိန်ကို အောင်ပွဲ အမြန်ရရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မဒတ တပ်ပေါင်းစု၏ သဘောထားကို ထုတ် ပြန်ကြေညာလိုက်ပါသည်။

တပ်ပေါင်းစုဖြင့် အောင်ပွဲခံရမည်

ဗဟိုအလုပ်မှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု - မဒတ

Read more...

No comments:

Post a Comment