Friday, December 2, 2011

UNFC ကို အခြေခံအဖွဲ့၁၂ ဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်း

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး (၆) ဖွဲ့နှင့် ဆက်စပ်အဖွဲ့ (၆) ဖွဲ့ ဖြင့် ဖွဲ့စည်းခဲ့ရာ မှ မကြာမီရက်ပိုင်းအ တွင်း ကျင်းပပြီးခဲ့သည့် ဗဟိုကော်တီအစည်းအဝေးတွင် အခြေခံအဖွဲ့ ၁၂ ဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။


“အရင်က အခြေခံအဖွဲ့ရယ် ဆက်စပ်အဖွဲ့ရယ်ဆိုပြီးတော့ ရှိတယ်လေ အဲဒါကို ပြန်ပြင်လိုက်တယ် အားလုံးက UNFC ရဲ့ အခြေခံအဖွဲ့ဝင်တွေအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပြီ” ဟု UNFC ဒုဥက္ကဌ အေဘယ်တွီ က ပြောသည်။

ယခုအခါ UNFC တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကချင်ပြည်လွတ်လပ် ရေးအဖွဲ့ (KIO)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP)၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦး (PSLF)၊ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU) ၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ကချင်အမျိုးးသားအစည်းအရုံး (KNO) ဟူ၍ အဖွဲ့ ၁၂ ဖွဲ့ ပါဝင်လျှက်ရှိသည်။

ဗဟိုကော်မတီအစည်းအဝေးတွင် UNFC ကို ပြန်လည် ဖွဲ့စည်းခြင်းအပြင် မကြာမီက အစိုးရကိုယ်စားလှယ်များ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံခဲ့ကြသည်ကိုလည်း အပြန်အလှန် ဆွေးနွေး ဖလှယ်တင်ပြခဲ့ ကြသည်။

UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “အဓိကကတော့ မကြာခင်တုန်းက တဖွဲ့ချင်း အစိုးရကိုယ်စား လှယ်တွေနဲ့ တွေ့ဆုံခဲ့ကြတာတွေကို တဖွဲ့ချင်း သူတို့ရဲ့ ဆွေးနွေးမှု အခြေအနေ ကို တိုင်ပင်ကြတယ် အချင်းချင်း ဆွေးနွေးကြတယ်၊ သဘောကတော့ အစိုးရက UNFC အနေ နဲ့ မတွေ့ဘူး တဖွဲ့ချင်းစီပဲ တွေ့မယ်ဆိုတော့ ကျ နော်တို့ကလည်း တဖွဲ့ချင်း တွေ့မယ် ဒါပေမယ့် တွေ့ထားကြတဲ့အခြေအနေ ကို ရှင်းပြခဲ့ကြတယ်” ဟု ပြော သည်။

UNFC အဖွဲ့ဝင်များသည် အစိုးရကိုယ်စားလှယ်များ နှင့် တွေ့ဆုံနိုင်ပြီး တပြည်လုံးအပစ်ခတ်ရပ်စဲရေး နှင့် နိုင်ငံ ရေးဆွေးနွေးမှု ကို UNFC မူ အတိုင်းသာ လက်ခံထားကြသည်။

လက်နက်ကိုင်အဖွဲ့အစည်းများအနေ နှင့် နောက်ပိုင်းများတွင်လည်း အစိုးရကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေး နွေးသွားနိုင်ကြောင်း သို့သော် တပြည်လုံးအပစ်ခတ်ရပ်စဲရေး နှင့် နိုင်ငံရေးဆွေးနွေး မှု အတွက် UNFC မူနှင့်သာ ဆုံးဖြတ်သွားမည်ဟု ဆိုသည်။

သို့ရာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း UNFC အဖွဲ့၏ အခြေခံအဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့အစည်းတချို့နှင့် မြန်မာအစိုးရကိုယ်စားလှယ်တို့ တွေ့ဆုံမှုရှိခဲ့ ကြသော်လည်း ဆက်စပ်လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် လုံးဝ တွေ့ဆုံမှုမရှိသေးပါ။

ယခု ပြန်လည် ဖွဲ့စည်းလိုက်သည့် UNFC တွင် ဥက္ကဌ ဗိုလ်ချုပ်အင်ဘန်လ KIO ၊ ဒုဥက္ကဌ (၁) အေဘယ်တွီ KNPP ၊ ဒုဥက္ကဌ (၂) ပဒိုစောဒေးဗစ်သကဘော KNU၊ အထွေထွေအတွင်းရေးမှူး နှိင်ဟံသာ NMSP နှင့် တွဲ ဘက်အတွင်းရေးမှူး (၁) စောဒေါလေးမူ (KNU) ၊ တွဲဘက်အတွင်းရေမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာ PNLO တို့ ဦးဆောင်ပါဝင်သည်။

Source by Source by Monnew"
Read more...

No comments:

Post a Comment