Thursday, December 15, 2011

အစိုးရ စစ်ရဟတ်ယာဉ်များ ရှေ့တန်းစခန်းများသို့ လက်နက် နှင့် ရိက္ခာပေးပို့

အစိုးရလေတပ် မှ စစ်ရဟတ်ယာဉ်များ ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့အနီး တပ်စွဲထားသော ရှေ့ တန်း တပ်စခန်းများသို့ ယမန်နေ့ ညနေ ၃ နာရီခန့်က လက်နက်ခဲယမ်း နှင့် ရိက္ခာများ ပေးပို့ခဲ့ကြောင်းသိရသည်။



တရုတ်နယ်စပ် မိုင်ဂျာယန်အခြေစိုက် KIA တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအနီးရှိ အစိုးရတပ်စခန်းများ ဖြစ်သော မုဘွန်နှင့် လွယ်ရင်းစခန်းများသို့ ရဟတ်ယာဉ် ၃ စီးခန့်ဖြင့် လက်နက်ခဲယမ်း နှင့် ရိက္ခာများပေးပို့ခဲ့ ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ တွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးလနန်က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“မနေ့က ခမရ ၃၂၁ ထိုင်တဲ့ မုဘွန်စခန်းကို ဟတ်စကီးတွေလာပြီးတော့ လက်နက်နဲ့ ရိက္ခာတွေချပေးတယ်။ မြေ ပြင် ကိုတော့မဆင်းဘူး။ နောက်တစ်နေရာက လွယ်ရင်းစခန်းမှာ လက်နက်တွေချပေးတယ်။ လူနာတွေပြန် ခေါ် သွားတယ်” - ဟု သူ က ဆိုသည်။

ဗန်းမော် - မိုးမောက် - လွယ်ဂျယ် လမ်းတစ်လျှောက် KIA အပေါ်စစ်ဆင်ရေးအတွင်း အစိုးရဘက်မှ စစ်ရဟတ် ယာဉ် များဖြင့်လူသူအင်အား ဖြည့်တင်းမှုများရှိပြီး ပြည်တွင်းစစ်၌ လေတပ်ထုတ်သုံးခြင်းမှာ အင်အားအလွန် အ ကျွံသုံးစွဲခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

KIA အပေါ်ထိုးစစ်ဆင်နေမှုများ အားလုံးရပ်ဆိုင်းရန် သမ္မတဦးသိန်းစိန်မှ ကာကွယ်ရေး ဦး စီးချုပ်ထံ ယခုလ ၁၀ ရက်နေ့နေ့စွဲဖြင့် ညွန်ကြားထားသော်လည်း ယနေ့အထိ နှစ်ဘက်တိုက်ပွဲများ ဆက်ဖြစ်နေကြောင်းသိရသည်။

“ဒီနေ့လည်း တုန်ဖုန်းယန်ဘက်မှာ တိုက်ပွဲဖြစ်သေးတယ်။ သူတို့ဘက်က တော်တော်နယ်ကျွံထားတာရှိတယ်။ အဲ ဒီ တပ်တွေ ရှိနေသ၍ တိုက်ပွဲဆက်ဖြစ်နေအုံးမှာပဲ” ဟု ဦးလနန်က ဆက်ပြောသည်။

ယခုအခါ နှစ်ဘက်စစ်ပွဲများအတွင်း တရုတ်နယ်စပ် လာရင်း ဒေသသို့ ထွက်ပြေးရောက်ရှိလာသည့် ကချင်စစ် ပြေး ဒုက္ခသည် ၃,ဝ၀ဝ ခန့် ရှိပြီ ဖြစ်ကြောင်းသိရသည်။

Source by Source by SHAN"
Read more...

No comments:

Post a Comment