Sunday, November 13, 2011

SSA မြောက်ပိုင်း နဲ့ အစိုးရ ဆွေးနွေး

SSA မြောက်ပိုင်း ဘက်က ဗိုလ်မှူးစပ်နော်လိတ်ခ် နဲ့ အဖွဲ့ဝင် ၂ ဦးဟာ ကြားဝင် စေ့စပ်ပေးတဲ့ အရင် SSA မြောက်ပိုင်းတပ် အဟောင်း အခု ပြည်သူ့စစ် အဖွဲ့ ဒုတိယ ဥက္ကဌ ဦးစပ်ကိုင်ဖ တို့ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့ က နေ ပြည်တော်မှာ ငြိမ်းချမ်းရေး အစပျိုး ဆွေးနွေးပွဲလုပ်ခဲ့ ပါတယ်။

SSA မြောက်ပိုင်း
အစိုးရ ငြိမ်းချမ်းရေးတာဝန်ခံ ဦးသိန်းဇော် နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူး ဦးအောင်သောင်း တို့ ဦး ဆောင် တဲ့ အဖွဲ့ ဆွေးနွေးခဲ့ တာ ဖြစ်ပါတယ်၊

SSA မြောက်ပိုင်း က ၃ ချက်တင်ပြတဲ့အထဲမှာ ငြိမ်းချမ်းရေး အတွက် ဗဟိုကော်မတီဝင်တွေ အားလုံး စုံညီ ဆွေး နွေးနိုင်ဖို့လက်ရှိ ဝမ်ဟိုင်း ဌာန ချုပ် နားမှာရှိနေတဲ့ အစိုးရ တပ်တွေ ပြန်နောက်ဆုတ်ပေးဖို့ အပစ်အခတ် ရပ်စဲ လုပ်ဖို့ နဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ UNFC လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသား များ ဖယ်ဒရယ်ကောင်စီ နဲ့ ဆွေးနွေးဖို့ ကို ပြောတယ်လို့ သိရပါတယ်။

အရင် ငြိမ်းချမ်းရေး လုပ်တုန်းက စာချုပ်စာတမ်း နဲ့ လက်မှတ် ရေးထိုးတာ မျိုးမရှိဘူး၊ အခုက စာချုပ်စာတမ်း နဲ့ လုပ်တဲ့အတွက် ထာဝရ ငြိမ်းချမ်းရေး ကို ဦးတည် လုပ်နေတယ်လို့လည်း အစိုးရ ဘက် ကပြော ပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ ထူးခြားတာ တခုက အပစ်အခတ် ရပ်စဲရေး အားလုံးနဲ့ လုပ်ပြီးရင် ပြည်သူ့စစ်တို့ ၊ နယ်ခြား စောင့်တို့ အပါအဝင် လက်နက်ကိုင် အဖွဲ့ အားလုံး နဲ့ စုပြီး နိုင်ငံရေး အဖြေရှာတဲ့ ဆွေးနွေပွဲ တရပ်စုပေါင်းဆောင် ရွက်နိုင်ဖို့ အစိုးရ ဘက်က စီစဉ်နေတယ်လို့ ပြောလိုက်တဲ့ အကြောင်းလည်း အဲဒီ ဆွေးနွေးပွဲ တက်ခဲ့တဲ့ သူ တစ် ဦးက ဘီဘီစီ ကို ပြောပြပါတယ်။

Source by Source by BBC"


Read more...

No comments:

Post a Comment