Wednesday, October 19, 2011

KNLA ကို အစိုးရတပ် ထိုင်းနယ်ဘက်က ၀င်တိုက်

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၇ အခြေစိုက်စခန်းတခု ဖြစ်သည့်မယ်ပေါ် ထာ့ စခန်းကို အစိုးရ စစ်တပ်ကယနေ့ ထိုင်းနိုင်ငံဘက်မှ ၀င်ရောက် တိုက်ခိုက်ခဲ့သည်ဟု KNLA ကရင် တပ်မှူး တဦးက ပြောသည်။

KNLA တပ်ရင်း ၂၀၁ မှ တပ်သားများ (ဓာတ်ပုံ - ဧရာဝတီ)

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း တည်ရှိသည့် မယ်ပေါ်ထာ့ စခန်းကို ယနေ့နံနက် ၆ နာရီခန့်က လှိုင်းဘွဲ အခြေစိုက် အစိုးရတပ် ခြေမြန်တပ်ရင်း (ခမရ) ၃၃၉ နှင့် နယ်ခြားစောင့်တပ် အမှတ် ၁၀၁၂ ပူးပေါင်းအင်အား ၄၀ ခန့်က ၀င်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

KNLA တပ်မဟာ ၇ အခြေစိုက် မယ်ပေါ်ထာ့စခန်းသည် ထိုင်းနိုင်ငံတာ့ခ်ခရိုင် ထာ့ဆောင်ရမ်းမြို့နယ်ရှိ နယ် ခြားသောင်ရင်းမြစ် ၏ မြန်မာနိုင်ငံဘက်တွင် တည်ရှိသည်။

KNLA တပ်မဟာ ၇ နှင့် ပူးတွဲတိုက်ပွဲဝင်နေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ကလို့ထူးလား စစ်ဗျူဟာမှ ဗိုလ်မှူး တာ့ကော် က“ဒီမနက် ၆ နာရီ ၂၀ မှာ သူတို့ ထိုင်းနိုင်ငံ မဲ့သဝေါ ရွာ ဘက်ကနေ လှေနဲ့ကူးလာပြီး ကျနော်တို့စခန်းကိုလာတိုက်တယ်၊ ကျနော်တို့ဘက်က ပြန်တိုက်တာ ၁၀ မိနစ် လောက်ပဲကြာတယ်၊ သူတို့ပြန်ဆုတ်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကရင်ပူးပေါင်းတပ်ဖွဲ့မှ ဖမ်းယူရရှိသည့် ကြားဖြတ်ဆက်သွယ်ရေးကြေးနန်းအရ တိုက်ခိုက်မှုတွင် မြန်မာပူးပေါင်း တပ်ဖွဲ့မှ စစ် သည် ၂ ဦး ဒဏ်ရာရရှိသွားသည်ဟုလည်း ဗိုလ်မှူး တာ့ကော် က ဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့် လှိုင်းဘွဲမြို့နယ်၏ နယ်စပ်သောင်ရင်းမြစ်၏ မြန်မာဘက် ကမ်းနားတလျှောက်၌ KNLA ၊ DKBA နှင့် အစိုးရ စစ်တပ်များက စစ်အခြေစိုက်စခန်းများ ဖွင့်လှစ်ထားသည်။

တပ်မဟာ ၇ ဌာနချုပ်ကို ၁၉၈၀ ပြည့်နှစ်ဝန်းကျင် ကာလကလည်း အစိုးရတပ်များက ၀င်ရောက် တိုက်ခိုက်ခဲ့ရာ တွင် ထိုင်းနိုင်ငံ ဘက်မှ အင်အား အလုံးအရင်း နှင့် ၀င်ရောက်တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု တိုက်ပွဲတွင်ပါဝင်ခဲ့ သည့် ကရင်တပ်မှူးဟောင်း တဦး က ပြောပြသည်။

ယနေ့ အစိုးစစ်တပ်က ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ ၇ ဒေသကို ထိုင်းနိုင်ငံဘက်မှဝင်ရောက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

KNU သည် မြန်မာ အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေသည်မှာ နှစ်ပေါင်း ၆၀ ကျော်ရှိပြီ ဖြစ်သည်။

Source by Source by Irrawaddy"

Read more...

No comments:

Post a Comment