Friday, October 14, 2011

ပန်ဆေးပြည်သူ့စစ် စခန်းကို KIA စီးနင်းတိုက်ခိုက်

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ၁၂ မိုင်အနီးရှိ ပန်ဆေးပြည်သူ့စစ် တပ်စခန်းတစ်ခုအား ယခုလ ၁၂ ရက် နေ့ ညပိုင်း ၁ နာရီခန့်တွင် KIA အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

KIA စစ်သား
လူနာအား မူစယ် - ကျယ် ဂေါင် ဆင်ဖြူအဝင်အထွက်ဂိတ်မှ တဆင့် တရုတ်ပြည်အတွင်းသို့ သယ်ဆောင်ရာတွင် တရုတ် အာဏာပိုင်များ က ဝင်ခွင့်မပြုသဖြင့်နှစ်ဘက်အချိန်အတန်ကြာအောင် ညိုနိုင်းခဲ့ရကြောင်းသူက ဆို သည်။

“ဒဏ်ရာရတာတော့ ၅ ယောက်လောက်ရှိတယ် ဒဏ်ရာပြင်းတဲ့ တစ်ယောက်ကို မန်စီဆေးရုံ ပို့လိုက်တယ် ဆင်ဖြူ ဂိတ်မှာ တရုတ်က ဝင်ခွင့်မပြုဘူး ပြဿနာအတော်တက်တယ် နောက် ပိုင်းမှ ဝင်ခွင့် ပေးလိုက်တာ အခုမန်စီဆေးရုံ မှာ တက်နေတယ် ” ဟု သူက ဆိုသည်။



ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင်
ဦးကျော်မြင့်
၎င်းအဖွဲ့သည် နမ့်ခမ်းမြို့နယ် ပန်ဆေးကျေးရွာ ဌာနေပြည်သူ့စစ် အဖွဲ့ဖြစ်ပြီး မူစယ်မြို့ Royal ဟော်တယ်နှင့် နယ်စပ်တစ် လျှောက်တွင် လောင်းကစားဝိုင်းများဖွင့်ခြင်း တရားမဝင်ကယ်ရီကုန်များ သယ်ယူပို့ဆောင်ပေးခြင်း စသည့်လုပ်ငန်းများမှ ရရှိသည့်ဝင်ငွေဖြင့် ရပ်တည်နေကြောင်း သိရသည် ။

ယခုရက်ပိုင်းအတွင်း KIA အဖွဲ့မှတရုတ် - မြန်မာနယ်စပ်ရှိ မြန်မာအစိုးရ စစ်တပ်စခန်းများကို စီးနင်းတိုက်ခိုက် နေရာ လွယ်ဂျယ်မြို့အနီးရှိဂျန်မိုင်ကောင်စခန်းကိုယခုလ ၁၁ ရက်နေ့က စီးနင်းသိမ်းပိုက်ခဲ့သေးကြောင်း သိရ သည်။

Source by Source by SHAN"
Read more...

No comments:

Post a Comment