Wednesday, September 28, 2011

တိုင်း​ရင်း​သား​ပြဿနာများ​ ဝင်​ရောက်​ဖြေရှင်း​ပေး​ရန် ဘန်ကီမွန်း​ကို ​ကေအိုင်အို ​တောင်း​ဆို

တိုင်း​ရင်း​သား​ဒေသက အ​ရေး​ပြသနာ​တွေကို မြန်မာ့​ပြည်တွင်း​ရေး​ပဲဆိုပြီး​ လျစ်လျူမရှုဘဲ ဝင်​ရောက် ဖြန်​ဖြေ​ပေး​ဖို့ကေအိုင်အို (ကချင်လွတ်လပ်​ရေး​အဖွဲ့) က ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချူပ် ဘန်ကီမွန်း​ကို ​မေတ္တာရပ်ခံလိုက်ပါ တယ်။

ကေအိုင်အို ဥက္ကဋ္ဌ လ​ရောက်ဇောင်း​ဟရား​က မစ္စတာဘန်ကီမွန်း​ကို စက်တင်ဘာ ၂၆ ရက်စွဲနဲ့​ ​ပေး​ပို့​တဲ့​စာမှာ ​မေတ္တာရပ်ခံလိုက်တာပါ။

တိုင်း​ရင်း​ သား​ပဋိပက္ခ​တွေ​ကြောင့်​ ပြည်တွင်း​စစ် ဖြစ်ပွား​နေရသလို ​ဒေသတွင်း​ဖွံ့​ဖြိုးရေး​နဲ့ တည်ငြိမ်​ရေး​ကို ထိ ခိုက်​နေတာ​ကြောင့်​ ကုလသမဂ္ဂ​ရော ​ဒေသတွင်း​နိုင်ငံ​တွေကပါ ကြား​ဝင်ဖြန်​ဖြေ​ပေး​ဖို့​ ရည်ရွယ်ပါတယ်လို့​ ကေ အိုင်အို ​ပြောခွင့်​ရပုဂ္ဂိုလ် ဦး​လနန်း​က ​ပြောကြား​ပါတယ်။

“ပြည်တွင်း​ ရေး​ကိစ္စဖြစ်တယ်ဆိုပြီး​တော့​ အိမ်နီး​ချင်း​နိုင်ငံနဲ့​ နိုင်ငံတကာက ဒီအတိုင်း​ ဥပက္ခာပြုထား​မယ်ဆိုရင်​တော့​ ပြဿနာဟာ ပိုပြီး​တော့​ ဆိုး​ရွား​သွား​နိုင်မယ်။ ဒီကိစ္စကို ဒီအချိန်မှာ နိုင်ငံတကာက​နေ၊​ ကုလသမဂ္ဂက ဦး​ဆောင်ပြီး​တော့​ အိမ်နီး​ချင်း​ အာဆီယံနိုင်ငံ​တွေကပါ ဝင်​ရောက်ဖျန်​ဖြေ​ပေး​ဖို့​ လိုလား​တဲ့​အ​ကြောင်း​ ကျ​နော်တို့​ စာ​ရေး​သား​ပေး​ပို့တာပါ။”

မြန်မာ့​ လွတ်လပ်​ရေး​ခေါင်း​ဆောင် ဗိုလ်ချူပ်​အောင်ဆန်း​နဲ့​ တိုင်း​ရင်း​သား​ခေါင်း​ဆောင် ​တွေ သ​ဘောတူ​ရေး​ထိုး​ခဲ့​တဲ့​ ပင်လုံစာချုပ်ပါ ပြည်​ထောင်စု စနစ်အစား​ တပြည်​ထောင်စနစ်ကို ပဲ အစိုး​ရအဆက်ဆက် ကျင့်​သုံး​နေတယ်လို့​လည်း​ ​ကေအိုင်အိုက ​ပေး​ပို့​တဲ့​စာမှာ ​ရေး​သား​ဖော် ပြထား​ပါတယ်။

ဧရာဝတီမြစ်ဆုံ ​ရေကာတာတည်​ဆောက်မှုကို ကချင်လူထုနဲ့​ ​ကေအိုင်အိုတို့​ က သ​ဘောမတူဘဲ မြန်မာအစိုး​ရ ကို​ရော တရုတ်အစိုး​ရကိုပါ စီမံကိန်း​ရပ်ဖို့​ ​တောင်း​ဆိုထား​ပြီး​ ဖြစ်တယ်လို့​လည်း​ စာမှာ ​ဖော်ပြထား​ပါတယ်။

လက်ရှိကျင်း​ပ ​နေတဲ့​ ကုလသမဂ္ဂ အ​ထွေ​ထွေ ညီလာခံမှာ မြန်မာနိုင်ငံတွင်း​ ဖြစ်ပျက်​နေတဲ့​ အ​ခြေအ​နေ​တွေကို ထည့်​သွင်း​ပြောကြား​နိုင် ​အောင် ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချူပ်ဆီကို စာ​ရေး​ပေး​ပို့​ရတာပါလို့လည်း​ ဦး​လနန်း​က ​ပြောပါတယ်။

လက်ရှိမှာ ​ကေအိုင်အိုကို အစိုး​ရက အပြင်း​အထန် ထိုး​စစ်ဆင်​နေချိန်ဖြစ်ပြီး​ ဒုက္ခသည် အသစ်​တွေလည်း​ ​ကေ အိုင်အို​ဒေသထဲကို ဝင်​ရောက်​နေတုန်း​ပဲလို့​လည်း​ ဦး​လနန်း​က ​ပြောပါတယ်။

“လွန်ခဲ့​တဲ့​ ၂၃၊​ ၂၄မှာစတင် ထိုး​စစ်ဆင်ခဲ့​တဲ့​ တပ်မဟာ(၄) ​ဒေသ​တွေမှာ ရှမ်း​ပြည်​မြောက်ပိုင်း​ ဒေသ​တွေမှာ ဒုက္ခသည်​တွေဟာ မ​နေ့က စပြီး​တော့​ မူဆယ်တို့​၊​ ပန်ဆိုင်း​တို့​၊​ နန့်​ခမ်း​တို့ဘက်ကို တဖွဲဖွဲဝင်လာတယ်လို့​ သ တင်း​ရတယ်။ အခက်အခဲတခုက နယ်စပ်​ဒေသမှာ ပြည်တွင်း​စစ်​တွေ​ကြောင့်​ ​ရောက်လာတဲ့​ စစ်​ပြေး​ဒုက္ခသည်​တွေကို တရုတ်ပြည် အစိုး​ရက​နေ အသိအမှတ်ပြုပေး​တာမျိုး​ မရှိဘူး​။ အသိအမှတ်ပြုပေး​ခြင်း​မရှိတဲ့​အတွက် ဒုက္ခ သည်​တွေကို နိုင်ငံတကာကလည်း​ ဒုက္ခသည်အ​နေနဲ့​ ရှုမြင်တာမျိုး​မရှိဘဲနဲ့ ပြည်တွင်း​ရေး​ပြသနာ ဖြစ်တယ်။ ဒါ​ကြောင့်​ နိုင်ငံတကာက ဒီကို အကူအညီ ဝင်​ရောက်လာဖို့​ အခက်အခဲ အများ​ကြီး​ရှိတယ်။”

ပြီး​ခဲ့​တဲ့​ ဇွန်လမှာ ​ကေအိုင်အိုနဲ့ အစိုး​ရအကြား​ တိုက်ပွဲ​တွေ စတင်ဖြစ်ပွား​ခဲ့​ပြီး​ ၁၉၉၄ ခုနှစ်က သ​ဘောတူ ခဲ့​တဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူညီချက် ပျက်သွား​ခဲ့​ပါတယ်။ ဒီတိုက်ပွဲ​တွေ​ကြောင့်​ ​ဒေသခံဒုက္ခသည် နှစ်​သောင်း​လောက် ​ဘေး​လွတ်ရာကို တိမ်း​ရှောင်ခဲ့​ရ တယ်လို့ ​ကေအိုင်အိုဘက်က ​ပြောပါတယ်။

Source bySource by DVB"



Read more...

No comments:

Post a Comment