Wednesday, August 17, 2011

KIO နှင့်ဆွေးနွေးပွဲ နောက်ကွယ် မြန်မာစစ်တပ် အင်အားဖြည့်တင်း


ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာအစိုးရ နှစ်ဘက်ကိုယ်စားလှယ်များ အပစ်ရပ်ရေးကိစ္စ တွေ့ဆုံဆွေး နွေး နေစဉ်အတွင်း သင်္ဘာများဖြင့် မြန်မာစစ်တပ်များ ဗန်းမော်မြို့သို့ ပုံမှန်မပြတ် ပို့ဆောင်နေကြောင်း သိရ သည်။


အထူးသဖြင့် ဗန်းမော်မြို့သို့အမြန်သင်္ဘာဆိုက်ကပ် ရက်ဖြစ်သည့် တနင်္လာ၊ ကြာသပတေး ၊ စနေနေ့တိုင်း မြန် မာ စစ်သည်များကို အရပ်ဝတ်ဖြင့် ပို့ ဆောင်နေ ကြောင်း မျက်မြင်ဆိပ်ကမ်း အလုပ်သမား တစ်ဦးက ပြောသည်။

“သတိထားမိသလောက်ဆို သင်္ဘာ ၁၀ စီးထက် မနည်းရှိပြီ တစ်စီးကို က လေးစစ်သားငယ်ငယ်လေး တွေ အ ယောက် ၃၀ ကျော်လောက်ပါတယ် အ ရပ် ဝတ်တွေနဲ့လေ၊ ၁၃ ရက်နေ့က အမြန်မှာလည်းပါ တယ်၊အသက်ကြီး တဲ့ စစ်သားဟောင်း တွေတပ်ကြပ် ကြီးတို့ ဗိုလ်တို့ပေါ့ သူတို့ က ဘေးကနေခြံရံ ပြီးတော့မှပို့တယ်၊ တခြားခရီးသည် တွေ နဲ့ရောပြီး လာတာ စစ်တပ်က ဖေါ ကားတွေနဲ့လာကြိုတယ်” ဟု သူက ဆိုသည်။

ထို့အပြင် စစ်တပ်ရိက္ခာ နှင့် လက်နက်ခဲယမ်းဟုယူဆရ သော သေတ္တာများ လည်း ပို့ဆောင်မှုရှိကြောင်း သူက ဆက်ပြော သည်။

ကချင်လွတ်လပ်ရေးတပ်မတော်

“တပ်ရိက္ခာတွေက သင်္ဘာတိုင်းလိုလို အနှေးရော အမြန်ရောပါတယ်၊ လက်နက်ခဲယမ်းတွေက ပြောရခက်တယ် တပ် ပစ္စည်းဆိုပြီး မှ သေတ္တာတွေကို သော့ခတ်ပြီးလာတာ အဲလိုမျိုးတော့ရှိတယ်၊ အထဲမှာဘာပါတယ် ဆိုတာ ပြောလို့မရဘူး၊ ဒီသေတ္တာတွေဖြေးဖြေးမခိုင်းတယ်၊ ပစ်မချခိုင်းဘူး၊ အန္တရာယ်ရှိတယ်လို့တော့ပြောတယ်” ဟုဆို သည်။

ထိုသို့ ကချင်ပြည်နယ်အတွင်း မြန်မာစစ်အင်အားဖြည့်တင်းမှုများ ရှိနေသလို ယခုလ ၉ ရက်နေ့ကလည်း မံစီမြို့ နယ် မိုင်းခေါင်ကျေးရွာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းအား မြန်မာစစ်တပ်မှ မီးရို့ခဲ့သေးကြောင်းစစ်ပြေး ဒုက္ခသည် တစ်ဦးထံမှ စုံစမ်း သိရသည်။

“အောက်ချောင်းပေါ့ မိုင်းခေါင်ဘုန်းကြီးကျောင်းကို ကေအိုင်အေလက်ခံလို့ဆိုပြီး စစ်တပ်က မီးရှိ့တယ်၊ဘုန်းကြီး တွေ ကို တော့ အပြင်ထွက်ခိုင်းပြီး မီးရှိ့တာ”ဟု မိုင်းခေါင်ရွာမှ ဗန်းမော်မြို့သို့ ထွက်ပြေးလာသည့် စစ်ပြေး ဒုက္ခ သည်တစ်ဦး က ပြောသည်။

ယခုဆိုလျှင် မိုင်းခေါင်ရွာမှ ဗန်းမော်မြို့သို့ ထွက်ပြေးခဲ့လာသူ အမျိုးသား အမျိုးသမီး ကလေးလူကြီး အယောက် ၄၀ ဝန်း ကျင်ခန့်ရှိပြီး စစ်တပ်မှ ရွာပြင်ထွက်ခွင့်ပိတ်ပင်ထားကြောင်း သိရသည်။

မံစီမြို့နယ်အတွင်းရှိ သျှမ်းနီဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရာ ဗန်းမော် ၊ မံစီမြို့တစ်ဝိုက်နီးစပ်ရာ ဆွေ မျိုးများ ထံ ခိုလှုံနေကြကြောင်း အချို့ရွာများတွင် ရွာလူကြီးနှင့်ဘုန်းကြီးကျောင်းသား ကျန်ရှိတော့ကြောင်း သိရ သည်။

Source by Source by SHAN"

Read more...

No comments:

Post a Comment