Wednesday, August 10, 2011

စစ်မှန်သည့်​ ဖက်ဒရယ် မ​ပေါ်မချင်း​ ဆက်လက်တိုက်ပွဲဝင်မည်


စစ်မှန်တဲ့​ ဖက်ဒရယ် မ​ပေါ်မချင်း​ မြန်မာအစိုး​ရသစ်ကို ဆက်လက်တိုက်ပွဲဝင်မယ်လို့ ကရင်နီတိုး​တက်​ရေး​ပါတီရဲ့​ စစ်ဦး​စီး​ချူပ် ဗိုလ်ချူပ်ဘီတူး​က ​ပြောပါတယ်။

ဒီက​နေ့ ကျင်း​ပတဲ့​ ၆၃ နှစ်ပြည့်​ ကရင်နီ​တော်လှန်​ရေး​နေ့​ အခမ်း​အနား​မှာ ဗိုလ်ချူပ် ဘီတူး​က ​ပြောကြား​ခဲ့​တယ်လို့​ အခမ်း​အနား​ တက်​ရောက်ခဲ့​တဲ့​ ကန္တရဝတီတိုင်း​ သတင်း​ဌာနမှ ကူး​ရယ်က ​ပြောပါတယ်။

“ဗိုလ်ချူပ်ဘီတူး ​ပြောသွား​တာက သူတို့ရဲ့​ ရဲ​ဘော်​တွေ၊​ ပြည်သူ​တွေ ​နောက် ပြီး​ သူတို့​ရဲ့​အယူအဆ​တွေက တကယ်စစ်မှန်တဲ့​ ဖယ်ဒရယ်ပြည်​ထောင်စု မ​ပေါ်​ပေါက်လာသ​ရွေ့​ တိုက်ပွဲဆက်ဝင်သွား​မယ်​ပေါ့​။”

၆၃ နှစ်​မြောက် ကရင်နီ​တော်လှန်​ရေး​နေ့​ အခမ်း​အနား​ကို ကယား​ပြည်နယ် ကရင်နီတိုး​တက်​ရေး​ပါတီ ဌာန ချူပ်မှာ ကျင်း​ပခဲ့​ပြီး​ မဟာမိတ်တိုင်း​ရင်း​သား​အဖွဲ့​အစည်း​များ​အပါအဝင် ပရိသတ် ၁၀၀၀ ​ကျော် တက်​ရောက်ခဲ့​တယ်လို့​တက်​ရောက်သူ​တွေက ​ပြောပါတယ်။

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့ချူပ် ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် ကမ်း​လှမ်း​တဲ့​ တိုင်း​ရင်း​သား​လက်နက် ကိုင်အဖွဲ့​တွေနဲ့​ မြန်မာအစိုး​ရကြား​ ငြိမ်း​ချမ်း​ရေး​အဆိုပြုချက်ကို လက်ခံ ကြိုဆို​ပေမယ့်​ မြန်မာအစိုး​ရက​နေ အ ပစ်ခတ် ရပ်စဲ​ရေး​ ကမ်း​လှမ်း​ခဲ့​ရင်​တောင် ကရင်နီတိုး​တက်​ရေး​ပါတီအ​နေနဲ့​ လက်ခံမှာမဟုတ်ဘဲ တိုင်း​ရင်း​သား​တပ်​ပေါင်း​စုအဖွဲ့​အ​နေနဲ့​ပဲ လက်ခံမှာလို့​ ဗိုလ်ချူပ်ဘီတူး​ ​ပြောဆိုသွား​တယ်လို့​လည်း​ ကူးရယ်က ​ပြောဆိုပါ တယ်။

မြန်မာနိုင်ငံ လွတ်လပ်​ရေး​ရအပြီး​ ၁၉၄၈ ခုနှစ် ဩဂုတ်လ ၉ ရက်​နေ့​ ကရင်နီပြည်​ကောင်စီဥက္ကဋ္ဌ ဦး​ဘီတူရီ ​နေ ထိုင်တဲ့​ မြလဲရွာကို မြန်မာစစ်တပ်က ဝင်​ရောက်တိုက်ခိုက်တဲ့​နေ့​ကို ကရင်နီ​တော်လှန်​ရေး​နေ့လို့​ သတ်မှတ်ခဲ့​တာပါ။

ကရင်နီတိုး​ တက်​ရေး​ပါတီဟာ မြန်မာစစ်အစိုး​ရနဲ့ ၁၉၉၅ ခုနှစ်အပစ်ခတ်ရပ်စဲ​ရေး​ လုပ်ခဲ့​ပေမယ့် လအနည်း​ငယ်အကြာမှာပဲ အပစ်ခတ်ရပ်စဲ​ရေး​ သ​ဘောတူညီချက် ပျက်သွား​ခဲ့​ပါတယ်။

Source by Source by DVB"

Read more...

No comments:

Post a Comment