Thursday, June 30, 2011

မွန်ပြည်သစ်ပါတီ လက်နက်ချဖို့ မရှိ

မွန်ပြည်နယ်အတွင်းက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ အားလုံး ဇွန်လ ၃၀ ရက်၊ မနက်ဖြန် နောက်ဆုံး ထားပြီး လက်နက်ချကြဖို့ မြန်မာအစိုးရက ကြေညာထားတယ်လို့ သိရပါတယ်။ ဒီကြေညာချက်ကို ကျိုက်မရော၊ သံဖြူဇရပ်၊ မုဒုံစတဲ့ မြို့တွေက အစိုးရ ရုံးတွေမှာ အခု ရက်ပိုင်း အတွင်း ကပ်ထားတာ ဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။


မွန်ပြည်သစ်ပါတီသည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့ပြီး၊ စစ်အစိုးရက ကျင်းပခဲ့သော အမျိုးသားညီလာခံမှာ ပါဝင် တက်ရောက်ခဲ့ပါသည်။ နောက်ပိုင်းမှာ အမျိုးသားညီလာခံ လေ့လာသူ အဖြစ်သာ အဆင့်လျှော့ချ တက်ရောက်ခဲ့သည်။ (Photo: AFP)

မွန်ပြည်သစ် ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် နိုင်ဟံသာကတော့ မိမိတို့အဖွဲ့ အနေနဲ့ လက်နက်ချဖို့ အကြောင်း မရှိဘူးလို့ ပြောဆိုပါတယ်။

"ကျနော်တို့နဲ့တော့ ဘာမှ မဆိုင်ဘူးလေ။ ကျနော်တို့က လက်နက်အပ်ဖို့ အကြောင်းကို လုံးဝ ဆွေးနွေးဖို့ လက် မခံတာ။ နဂိုကတည်းက ငြင်းထားပီးသားပဲ ကျနော်တို့ မူအရလေ။"

မွန်ပြည်နယ် အတွင်းက အဲဒီမြို့တွေ အနီးမှာ မွန်ပြည်သစ်ပါတီ တပ်တွေ အပြင်၊ တခြား မွန်တပ်ဖွဲ့ နှစ်ဖွဲ့နဲ့ ဒီ ကေ ဘီအေ၊ ဟောင်သရော စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရှိတယ်လို့ နိုင်ဟံသာက ပြောပါတယ်။

ဒီ အ တောအတွင်း မွန် ပြည် နယ် သံဖြူဇရပ်မြို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ဗုံး ပေါက် ကွဲ မှုဟာ မိမိတို့နဲ့ သက်ဆိုင်ခြင်း မရှိကြောင်း မွန်ပြည်သစ် ပါတီက ပြောပါတယ်။

မွန်ပြည်နယ် အတွင်း လက်နက်ကိုင်တပ်တွေ လက်နက်ချဖို့ အစိုးရရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ မွန်ပြည်သစ် ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် နိုင်ဟံသာကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်း ထားတာ နားဆင်နိုင် ပါတယ်။

Source By Source by RFA"
Read more...

No comments:

Post a Comment