Thursday, June 16, 2011

သျှမ်းပြည်တပ်မတော်ဌာနချုပ်အနီးသို့ မြန်မာတပ် အင်အားထပ်ဖြည့်

သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အနီး မြန်မာစစ်တပ်ကတဖန် ထပ်မံ အင်အား တိုးဖြည့် ချဉ်းကပ် ထားသဖြင့် SSPP/SSA က အသင့်အနေ အထား တပ်လှန့်ထားကြောင်း သိရသည်။
သျှမ်းပြည်တပ်မတော် SSPP/SSAs
“ကျနော်တို့က ခံစစ်ရှင်အနေအထားနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ပြင်ဆင်ထားတယ်။ အန္တရာယ်ဖြစ်မှာစိုးလို့ ဟိုးအ ရင် ကတည်းက လူထုကိုလဲ တခြားကို ရွှေ့ထားလိုက်ပြီ။ လူသူလက်နက်အင်အားအဆင်သင့်။ ကတုတ်ကျင်းတွေ၊ ဗုံးခိုကျင်းတွေ အဆင်သင့်ဘဲ” ဟု SSPP/SSA အရာရှိတဦးကပြောသည်။

ဝမ့်ဟိုင်းမြောက်ဖက် မိုင်းရယ်ကျေးသီးလမ်းခွဲတဝိုက်၌ အင်အားတစ်ရာနီးပါး၊ ဝမ့်ဟိုင်းတောင်ဖက် မိုင်းရူး၊ မိုင်းနောင် လမ်းခွဲ ပါခီးရွာတဝိုက်၌အင်အား တစ်ရာနီးပါး ယခု ၂ ရက် ၃ ရက်အတွင်း တဖန်ဖြည့်တင်းလာခြင်း ဖြစ်ကြောင်း ဝမ့်ဟိုင်းမှ အဆိုပါအရာရှိကပြော သည်။

“မြန်မာစစ်တပ် အခုလို အင်အားတခါထပ်ဖြည့်လာတာ ကျနော်တို့ကို ခြိမ်းခြောက်ချင်တာဘဲဖြစ်ဖြစ်၊ တကယ်တိုက်ဖို့ ဘဲဖြစ်ဖြစ် ကျနော် တို့ဘက် က အသင့်ပြင်ထားရမှာဘဲ” ဟုဆို၏။
မြန်မာစစ်တပ်
၁၃ ရက် မနက် ၉: ၄၅ နာရီ ကလည်း လွယ်ချိတောင်တပ်စခန်းအနောက်ဖက်သံလွင်မြစ် တာ့ဝန်းကျိုင်းကူးတို့ ဆိပ် အဆင်းလမ်း၌ မိုင်းရူး အခြေ စိုက်မြန်မာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော် တပ်မဟာ ၇၄ တပ်ရင်း ၁၉၆ တို့ နာရီဝက်ကြာ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်ပွါးခဲ့ရာ မြန်မာစစ်တပ်ဖက်မှ ၄ ယောက်သေ၊ ၅ ယောက် ဒဏ်ရာရရှိ ကြောင်း SSPP/SSA တပ်မှူး တဦးကပြောသည်။

“၁၂ ရက်နေ့က မိုင်းရူးမြောက်ဖက်(နမ့်ချောင်းဖျား) ဟိုင် ဖက်မှာ မိုင်းရူးတပ်နဲ့ ကျနော်တို့ တပ်မဟာ ၇၄ နဲ့ မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်တယ်။ ဗမာစစ်သား ၂ ယောက်သေတယ်။ ၁၂ ယောက် ဒဏ်ရာရပြီး ဆေးရုံပို့ ထားတယ် လို့ ကြားတယ် ဟု ၄င်းက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

ထို့အတူ မိုင်းရူးအရှေ့ဘက် ၁၀ မိုင်အကွာ ဝမ့်လွယ်နှင့် လွယ်ချိုတပ်စခန်းကြား နမ့်ချောင်း အလှည့်ကျ ရေဆင်း ချိုး သည့် တပ်သား ၄ ယောက်အနက် ကင်းစောင့်စစ်သားတယောက် မိမိကိုယ်မိမိဗုံးခွဲအဆုံးစီ ရင် ကြောင်း၊ မိုင်းရူး မြို့ရှိ သျှမ်းပြည်တပ်မတော် ယခင်ဆက်ဆံရေးရုံး(ဟောင်း) တွင်လဲ ဗုံးတစ်လုံးပေါက်ကွဲသဖြင့် မြန်မာတပ်သား ၃ ဦး သေဆုံးပြီး ၃-၄ ယောက် ဒဏ်ရာရကြောင်း မိုင်းရူးမှ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါသည်။
ဇွန် ၁၃ ရက်က သျှမ်းပြည် တိုင်းချူပ် ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် (ရမခ) အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာချုပ်၌ တိုင်းမှူးနှင့် အရာရှိများအားခေါ် ယူတွေ့ဆုံပြီး နောက်တရက် အဆိုပါ မြန်မာစစ်တပ်အင်အား ၂၀ဝ ခန့်ဝမ့်ဟိုင်း ဌာနချုပ်အနီး တဖန်ဖြည့်တင်းချဉ်းကပ်လိုက်ခြင်းဖြစ်သည်။


Source By Source by Mongloi"


Read more...

No comments:

Post a Comment