Friday, May 6, 2011

ကျိုက်ဒုံဒေသတွင် နအဖနှင့်ဒီကေဘီအေ တိုက်ပွဲ ပြင်းထန်


ဆုံဆည်းရာ၊ မေလ ၄ ရက် ၂၀၁၁
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသတွင် ဒီကေဘီအေ ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်တဲ့ တပ်မဟာ ၅ တပ်တွေနဲ့ နအဖ စစ်တပ် စကခ ၅ လက်အောက်ခံ နည်းဗျူဟာ ၁ မှ တပ်များနှင့် ဧပြီလ ၂၄ ရက်နေ့က စပြီး ယနေ့အချိန်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ဒီကေဘီအေ ကလိုထူးဘောဗျူဟာ ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်သည့် တပ်ရင်း ၉ဝ၈၊ ၉ဝ၂ နှင့် ၉ဝ၁ တပ်ဖွဲ့များ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသတွင် အခြေပြုပြီး နအဖ စစ်အခြေစိုက်စခန်းများကို ၀င်ရောက်တိုက်ခိုက်ခြင်း၊ ရဲစခန်းများအား ၀င်ရောက်ပစ်ခတ်ခြင်း၊ မြ၀တီ-ကော့ကရိတ်ကားလမ်းရှိ နအဖ စစ်ကားများကို ခြုံခိုတိုက်ခိုက်မှုတွေကြောင့် နအဖ ဘက်မှ ထိခိုက်မှုများပြားတာကြောင့် နအဖ စစ်တပ်အင်အားဖြည့်ဆည်း တိုက်ခိုက်တာဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကလည်း ကြိတ်ကျေးရွာအခြေစိုက် ခလရ ၃၇၁ တပ်ရင်း အခြေစိုက်စခန်းအား ဒီကေဘီအေ တပ်မဟာ (၅)မှ တပ်ဖွဲ့ဝင်များက ၀င်ရောက်ပစ်ခတ် မီးရှို့ဖျက်ဆီးခဲ့ပြီး ဧပြီလ ၂၅ ရက်နေ့ကလည်း အဇင်းရဲစခန်းကို ဒီကေဘီအေ တပ်ဖွဲ့ဝင်များက ၀င်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ ဧပြီလ ၂၃ နေ့မှ မေ ၃ ရက်နေ့အထိ နအဖ ဘက်မှ ၂၅ ဦးကျော် သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
Read more...

No comments:

Post a Comment