Monday, February 7, 2011

ဘိန်းဘုရင် ခွန်ဆာ စခန်းဟောင်း ပြတိုက်လုပ်ရန် စီစဉ်


ကွယ်လွန်သူ ဘိန်းဘုရင် ခွန်ဆာ၏ ထိုင်းနိုင်ငံရှိ တပ်စခန်း ဟောင်းများကို ပြတိုက်ပြုလုပ်ရန် ထိုင်းအစိုးရ အာဏာပိုင်များက စီစဉ်ခဲ့ရာ အကောင်အထည် မဖော်နိုင်သေးကြောင်း သိရသည်။မော်ထိုင်း တပ်မတော် (MTA) ခွန်ဆာ တပ်စခန်းဟောင်းနှင့် သူ၏ တပ်သားများ နေထိုင်ခဲ့သော အဆောက်အအုံများသည် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင်အတွင်းရှိ Ban Hin Taek ထိုင်းကျေးရွာ၌ တည်ရှိပြီး ယင်း နေရာများကို “ခွန်ဆာ စခန်း ဟောင်း”ဟု အမည်ပေးထားခြင်း ဖြစ်သည်။

khunsa_11

ဘိန်းဘုရင် ခွန်ဆာနှင့် သူ၏ မျိုးကောင်း မြင်းကြီး

ခွန်ဆာ စခန်းဟောင်းကို နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဆွဲဆောင်ရန် ပြတိုက်အဖြစ် ဖန်တီးကာ ခွန်ဆာရဲ့ဘ၀ဖြစ်စဉ်များကို ဖော်ဆောင်ရန်အတွက် ကြိုးပမ်းခဲ့သော်လည်း ယခုအထိ မအောင်မြင်နိုင်သေးကြောင်း ပြီးခဲ့သည့် စနေနေ့က ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ငွေကြေးမလုံလောက်မှုနှင့် ဘိန်းဘုရင် တဦးအား အထိမ်းအမှတ်အဖြစ် ပြတိုက်ထားရန် သင့်မသင့်ဆိုသော နိုင်ငံရေး သုံးသပ်ချက်များကြောင့် ယခုအစီအစဉ် အထမမြောက်နိုင်ကြောင်း ယင်း သတင်း၌ ပါရှိသည်။

၁၉၈၂ ခုနှစ်တွင် ယင်း စခန်းဟောင်းကို ထိုင်း တပ်ဖွဲ့ဝင်များက ၀င်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့သည့်အထိ ခွန်ဆာနှင့် ၎င်း၏ တပ်ဖွဲ့များ နေထိုင်ခဲ့သည်။ ထို့နောက် ၎င်းတို့သည် ရှမ်းပြည်နယ် အတွင်းရှိ ဟိုမိန်းစခန်းသို့ ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။

ခွန်ဆာသည် ရှမ်း တရုတ် ကပြားဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် မြန်မာစစ်အစိုးရထံ၌ လက်နက်မချမီ အချိန်အထိ အင်အား ၁၅,၀၀၀ ခန့်ရှိ ကိုယ်ပိုင် စစ်တပ်ဖြင့် ထိုင်း၊ မြန်မာ၊ လာအိုနယ်စပ် ရွှေတြိဂံဒေသကို လွှမ်းမိုးနိုင်ခဲ့သည်။

မော်ထိုင်း တပ်မတော် ခေါင်းဆောင်အဖြစ် ဘ၀တလျှောက်လုံး ဆောင်ရွက်ခဲ့သော ခွန်ဆာ၏ ပြတိုက်ကို တည်ဆောက်ရန် မသင့်လျော်ကြောင်း တချို့ဝေဖန်သူများရှိသော်လည်း ပြတိုက်သည် မကောင်းသည့် သဘောထားမျိုး ဖော်ဆောင်သည့် အနေ ဖြင့် မမှတ်ယူကြရန်နှင့် ပြတိုက်သည် နောင်လာနောင်သားတို့ သင်ခန်းစာ ယူနိုင်စရာ နေရာဌာနတခုဖြစ်ကြောင်း ပညာရှင် တချို့နှင့် ဒေသခံများက ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

ချင်းမိုင်အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ယင်း ကျေးရွာတွင် MTA လူဟောင်း တပ်မှူး တပ်သားများ ယခု အထိ ဆက်လက် နေထိုင်လျက်ရှိကြောင်း ဧရာဝတီသို့ ပြောသည်။ ကျေးရွာ ဒေသခံများက ယင်း စီမံကိန်း ကို ကန့်ကွက်သည်ဟု မကြားကြောင်း ၎င်းက ဆိုသည်။

ဦးခွန်ဆာ မကွယ်လွန်ခင်က ကမ္ဘာတ၀န်းတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိမှုဖြင့် အမေရိကန် အစိုးရက ခွန်ဆာကို ဖမ်းဆီးရမိပါက ဆုငွေ အမေရိကန် ဒေါ်လာ ၂ သန်းပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ခွန်ဆာသည် ၁၉၉၆ ခုနှစ်တွင် စစ်အစိုးရထံ လက်နက်ချပြီးနောက် ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ကာ စစ်အစိုးရ၏ အကာအကွယ်ဖြင့် နေထိုင်ခဲ့ပြီး လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်တွင် ရန်ကုန်မြို့ နေအိမ်၌ ကွယ်လွန်ခဲ့သည်။

ဦးခွန်ဆာသည် “အမေရိကန် အစိုးရလက်သို့ လွှဲပြောင်းပေးခြင်း မခံရနိုင်” ဟူသော ယုံကြည်ချက်ဖြင့် မြန်မာအစိုးရနှင့် စေ့စပ် ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း MTA ဗဟိုကော်မတီဝင်တဦးကို ကိုးကား၍ “ခွန်ဆာ ဦးဆောင်သော MTA အဖွဲ့ ဘာ ကြောင့် လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရသလဲ”ဟူသည့် စာအုပ်တွင် မြန်မာအစိုးရက မြန်မာဘာသာဖြင့် ထုတ်ဝေခဲ့ သည်။

ဦးခွန်ဆာသည် စစ်အစိုးရထံ လက်နက်ချခဲ့သော်လည်း MTA မှ ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်ကမူ ခွဲထွက်ခဲ့ပြီး SSA- S (ရှမ်းပြည် တပ်မတော် တောင်ပိုင်း) ကို ဖွဲ့စည်းခဲ့သည်။ SSA- S တွင် အင်အား ၇ ထောင်ကျော် ရှိပြီး ထိုင်း - မြန်နယ်စပ်တွင် စစ် အစိုးရ ကို တော်လှန်နေဆဲ ဖြစ်သည်။ Read more...

No comments:

Post a Comment