Thursday, January 20, 2011

ထပ်မံတိုးချဲ့မည့် စစ်တိုင်းရုံးသစ် ယခုလကုန်ရုံးစိုက်နိုင်ရန်ပြင်ဆင်

Wednesday, 19 January 2011 17:50 သျှမ်းသံတော်ဆင့်
တိုးချဲ့မည့် အရှေ့အလယ်ပိုင်းတိုင်းသစ်သတင်းနှင့် အတူသျှမ်းပြည်စစ်တိုင်း ၃ တိုင်းအတွင်းရှိဒေသခံ တပ်ရင်းအသီးသီးမှတတိုင်း လျှင်အင်အားအယောက် ၃၀၀ ရွေးထုတ်၍ ယခုလကုန်ပိုင်းပို့ ဆောင်တပ်ချ နိုင်ရန် ပြင်ဆင်နေကြောင်းတောင်ကြီး သတင်းရပ် ကွက်က ဆိုသည်။
Type rest of post hereစစ်တိုင်း ၁ တိုင်းလျှင် အင်အား ၃၀၀ ဖြင့် သျှမ်းပြည်စစ်တိုင်း ၃ တိုင်းမှ ရရှိလာမည့် စုစုပေါင်း အင်အား ၉၀၀ နှင့် နေပြည်တော်မှ အင်အား ၁၀၀ ဖြည့်ဆည်းပေးမည်ဖြစ်ပြီး အင်အား ၁၀၀၀ ဖြင့် အခြေချရုံးစိုက်ဖို့ရှိ ကြောင်း စစ်တိုင်းရုံးနှင့်နီးစပ်သည့် တောင်ကြီး ဒေသခံတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

“စကခလက်အောက်ခံတပ်တွေတော့ မကောက်ဘူးပေါ့။ တပ်ရင်းအသီးသီးက စိတ်ချရတဲ့ လူရင်းတွေ၊ အကြပ်တပ်မှူးငယ်တွေ လောက်ဘဲရွေးတယ်လို့သတင်း တွေထွက်နေတယ်။ အရှေ့အလယ်ပိုင်းတိုင်းလို့ နာမည်ထွက်ပေမယ့် အဲဒီစစ်ဌာနချုပ်ရဲ့ တရား ၀င်အဆင့်နဲ့နာမည်ကိုတော့ မသိရသေးဘူး။ တိုင်း ၄ တိုင်းကို စစ်တိုင်းချုပ် ဒု ဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်က ကိုင်မယ်လို့လဲ ကြားနေရတယ်။” ဟု၎င်းကပြောသည်။

ဒု ဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်

စစ်တိုင်းထပ်မံတိုးချဲ့မည့်သတင်းသိထားသော သျှမ်းပြည်အရှေ့ပိုင်းသားတချို့ နအဖက စစ်သားသစ်ကောက်ယူမည့်အရေး တွေးပူကာ မိမိတို့သားသမီးများအားတခြားသို့ပို့ဆောင်ရန် စီစဉ်နေကြကြောင်း သိရသည်။

မကြာသေးမီက ကျိုင်းတုံမြို့ ဆင်ခြေဖုံးတ၀ိုက် အခြေချနေထိုင်သည့် မိသားစုတခုက-“ ရွာမှာနေတုန်းက ၀ ၊ သျှမ်း၊ ပြည်သူ့စစ် တပ်ဖွဲ့တွေ စစ်သားကောက်တာကို ရှောင်ရတယ်။ အခု မြို့ပေါ်ရောက်လာတာ စိတ်အေးရပြီ မှတ်တယ်။ ဘယ်ဟုတ်လို့လဲ။ ဗမာစစ် တပ်က စစ်မှုမထမ်းမနေရ ဥပဒေ အကောင်အထည်ဖော်တော့မယ် ဆိုတော့ ကျနော်တို့ခလေးတွေ ထိုင်းကိုပို့လိုက်မှ ဘဲအေးတော့မယ်” - ဟု ပြောသည်။

အလားတူ ကျိုင်းတုံ- တာချီလိတ်သို့ စီးပွါးရေးလုပ်ကိုင်ကြသောနိုင်ငံရေးအခြေခံရှိသူ၊ရေဒီယိုသတင်း နားထောင်လေ့ရှိသူ တချို့ ကလည်း- နအဖ၏ စစ်မှုမထမ်းမနေရ စနစ်မှာ တိုင်းပြည်ကာကွယ်ရန် အတွက်မဟုတ်ဘဲ၊ ပြည်တွင်းလက်နက်ကိုင်တော်လှန် ရေး တပ်ဖွဲ့များအားတိုက်ခိုက်ရှင်းလင်းရန် အတွက်သာဖြစ်သဖြင့် သားသမီးများအား စစ်မှုမထမ်းစေလိုကြကြောင်း၊ ထို့ကြောင့် တခြား ဒေသသို့ ပြောင်းရွှေ့အလုပ်လုပ် ကိုင်ရန် (သို့မဟုတ်) ထိုင်းသို့သွားရောက် အခြေချရန် တီးတိုးပြောဆိုတိုင်ပင်လာ ကြကြောင်း သိရသည်။

ထပ်မံတိုးချဲ့မည့် စစ်တိုင်းအသစ် အခြေစိုက်မည့် နေရာ အတိအကျမသိရသေးသော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလက မြို့နယ်ခွဲ အဆင့်တိုးမြင့်လိုက်သော(နမ့်ဇန် မြို့နယ်) ခိုလမ်မြို့နယ်ခွဲ ၊ (ကွန်ဟိန်းမြို့နယ်) ကာလိမြို့နယ်ခွဲ နှင့် (မိုင်းရှူးမြို့နယ်) မိုင်းဇန်မြို့ နယ်ခွဲ ဒေသတ၀ိုက်ဖြစ်နိုင်ကြောင်း သျှမ်းပြည် နိုင်ငံရေး၊ စစ်ရေးလေ့လာသည့် ပုဂ္ဂိုလ်များ ခန့်မှန်းကြသည်။
Read more...

No comments:

Post a Comment