
လွယ်လင်အခြေစိုက် ခလရ ၉ က အင်အား ၇၀ ဖြင့် တပ်မဟာ ၁ ဌာနချုပ်အနောက် တောင်ဘက် မိုင်းနန်း တိုက်နယ်နှင့် ၀မ့်ဇါတ်ဂျူတောင်းတိုက်နယ်ဘက်သို့လည်းကောင်း၊ ကျေးသီးအခြေစိုက် ခလရ ၁၃၁ ကလည်းအင်အား ၆၀ ဖြင့် မိုင်း ကောဝ် နောင်ဆွမ်းတိုက်နယ် ပန်ယိမ်း ပန်မုန့်ရွာဘက်သို့ လည်းကောင်း၊ ကွန်ဟိန်းဗျူဟာ လက် အောက်ခံ ခလရ ၂၄၆ က အောင်ဆန်းဦး ဦးဆောင်သည့်စစ်ကြောင်းကလည်းတပ်မဟာဌာနချုပ်တောင်ဘက် 7-8 မိုင်အကွာ ဟိုင်းပါတိုက်နယ် မိုင်းအတ်ရွာ၊ နမ့်ပူ၊ နမ့်ပုတ်၊ လွယ်ရွဲ၊ နောင်ခေတ် ရွာဘက်မှ လည်းကောင်း ဖြည့်တင်းလှုပ်ရှားလာသည်သည်ဟု ဆို၏။
“ကျနော်တို့ကို ဗမာစစ်သားတွေလာပြောတယ် - သူတို့တက်လာတာက သျှမ်းတပ်ကိုတိုက်ဖို့ မဟုတ်ဘူး။ သျှမ်းတပ်ဖွဲ့ တွေသွားလာလှုပ်ရှားတဲ့လမ်းကြောင်းကိုပြောပေးပါ။ ပက်ပင်းတိုးမိရင် ပစ်မိ ခတ်မိမှာစိုးလို့- တဲ့။ သျှမ်းတပ်ကတော့ နောက် မဆုတ်ရင် တိုက်မယ်လို့ပြောတယ်” ဟု မိုင်းနန်းဒေသ ခံတဦးက ပြောသည်။
နအဖ၏ နည်းဗျူဟာကို ကြိုသိထားသော SSA တပ်မဟာ ၁ ဘက်ကလည်း ခုခံကာကွယ်ရန်ပြင်ဆင်မှုများ ပြုလုပ်ထား သည့် အပြင် တိုက်ပွဲဖြစ်ပွါးခဲ့ပါကတပ်ဆုပ်ခွင့်လုံးဝ မရှိကြောင်း ရှေ့တန်းတပ်မှူးများအား အမိန့်ထုတ်ထားသည်ဟုလည်း တပ်ရင်းမှူးတဦးကပြောပြသည်။
“နအဖတပ်ရုံးအဖွဲ့တွေ ရွာထဲမှာ စခန်းချတယ်။ ရွာထဲတောထဲကို တပ်စိတ်တွေလွှတ်တယ်။ သူတို့မှာ GPS Global Position System လို့ခေါ်တဲ့ မြေပုံညွှန်းကိရိယာတွေပါတယ်” - ဟု ၄င်းကပြောပါသည်။
ပြီးခဲ့သည့် ၂၀ ရက်က တာ့ကော့အခြေစိုက် ခလရ ၂၉၆ မှ အင်အား ၇၀ ခန့်ရှိ တပ်ဖွဲ့တဖွဲ့ SSA တပ်မဟာ ၁ ထိန်းချုပ် နယ်မြေ လွယ်ဖာဇင်းမ်ရှိ ခေါက်စန့်တိုက်နယ်အတွင်းနယ်ကျွံဝင်ရာ ပြန်မဆုတ်ခွါပါက ပစ်ခတ်မည်ဟု SSA က ရာဇသံပေး တော့မှ နောက်ပြန်ဆုတ်သွားခဲ့သည်ဟုလည်း သိရ၏။
အဆိုပါကိစ္စနှင့်ပါတ်သက်၍ - တပ်မဟာ ၁ သတိဝိရိယရော့ရဲပြီး ပေါ့လျော့သတိလစ်စေရန်ကစားနေခြင်းဖြစ်ပြီး အချက်ပိုင် သည်နှင့် လျှပ်တပြတ်ဝင်ရောက်တိုက်ခိုက်နိုင်ရန် နည်းဗျူဟာသုံးနေသည်ဟု SSA လွယ်တိုင်း လျဲန်းဌာနချုပ် အရာရှိတဦး က ကောက်ချက်ချပြောကြားပါသည်။




No comments:
Post a Comment