Thursday, July 15, 2010

ရခိုင်ပြည်နယ်တွင် (၁ဝ) ပါတီ လှုပ်ရှား

လင်းနိုင်ဦး / ၀၈ ဇူလိုင် ၂၀၁၀

၎င်းက “ရခိုင်ပြည်နယ်မှာ လူဦးရေ စုစုပေါင်း (၃) သန်းကျော်ပဲ ရှိတယ်။ ရန်ကုန်တိုင်း တဝက်လောက်ပဲ။ ဒါပေမယ့် ရခိုင်အခြေစိုက် (၇) ပါတီနဲ့ အခြားပါတီ (၃) ပါတီ စုစုပေါင်း (၁ဝ) ပါတီ လှုပ်ရှားနေတော့ ပါတီတွေ များနေတယ်။ အစိုးရဟာ နိုင်ငံတကာကို ပါတီတွေများကြောင်း ပြဖို့ သူနဲ့ နီးစပ်သူတွေကို ပါတီထောင်ခိုင်းရင်း ရခိုင်ပြည်နယ်မှာ ခုလို ပါတီတွေ ဖောင်းပွသွားရတာ ဖြစ်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အခြေစိုက် ပါတီများမှာ မြို (ခေါ်) ခမိအမျိုးသားညီညွတ်ရေးအဖွဲ့ (ယခင် ၁၉၉ဝ ရွေးကောက်ပွဲဝင် ပါတီဟောင်း)၊ ခမိအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ကမန် အမျိုးသားတိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု (ယခင် ဦးအေးလွင်တို့နှင့် လက်တွဲခဲ့)၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (မွတ်စလင် ဘာသာဝင်များပါတီ) တို့ဖြစ်ပြီး အခြားပါတီများမှာ ကြံ့ဖွံ့ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ခေတ်သစ်ပြည်သူ့ပါတီတို့ဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်အစိုးရသည် ပါတီအချို့ကို ရခိုင်လူမျိုးများ အချင်းချင်း စိတ်ဝမ်းကွဲပြားစေရန် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ပါတီအချို့ကိုမူ ဘူးသီးတောင် မောင်တော ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်မှ မွတ်စလင်ဘာသာဝင် ဒုက္ခသည်များထံမှ မဲများရရှိရန် ဖွဲ့စည်းခိုင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ နိုင်ငံရေးပါတီခေါင်းဆောင်က ပြောဆိုသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

နအဖစစ်အစိုးရသည် ယခုကဲ့သို့ လူဦးရေ (၃) သန်းကျော်သာရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ရခိုင်ပြည်နယ်တွင် ပါတီ (၇) ခုခန့် ဖွဲ့စည်းခွင့်ပေးထားသော်လည်း လူဦးရေ (၁) သန်းခွဲကျော်နေထိုင်သည့် ကချင်ပြည်နယ်တွင်မူ ပါတီတခုမှ တည်ထောင်ခွင့် မပြုသေးပေ။

ကချင်ပြည်နယ်တခုလုံးကို စည်းရုံးနိုင်မည်ဟု ယူဆရသည့် ပြီးခဲ့သည့် ဧပြီ (၅) ရက်နေ့ကတည်းက ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့သည့် ဒေါက်တာတူးဂျာဦးစီးသော ကချင်ပြည်နယ်တိုးတက်ရေး ပါတီကို ယနေ့ထိ ပါတီ တည်ထောင်ခွင့် မပြုသေးပေ။

ကချင်ပြည်နယ်တွင် ဒေါက်တာတူးဂျာနှင့် အန်ဒီအေကချင် အတွင်းရေးမှူးဟောင်း ဦးလယောက်ဇယ်လွန်းတို့နှစ်ဦး၏ ပါတီ (၂) ခုကို ပါတီတည်ထောင်ခွင့်မပြုဘဲ ကြံ့ဖွံ့အသင်းဝင် ဦးထင်နန်ကို ပါတီတည်ထောင်ခွင့်ပြုခြင်းနှင့် ပတ်သက်ပြီး ဒေါက်တာတူးဂျာက ကချင်ပြည်နယ်ကဲ့သို့ လူဦးရေနည်းသောဒေသတွင် ပါတီတခုဆိုပါက လုံလောက်ပြီးဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်က ထုတ်ဖော်ပြောဆိုခဲ့သည်။

စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က နောက်ဆုံး ထုတ်ပြန်သည့် စာရင်းများအရ တိုင်းရင်းသားပြည်နယ် (၇) ခုအနက် ရခိုင်ပြည်နယ်တွင် ပါတီအများဆုံး တည်ထောင်ထားကြောင်း သိရသည်။

(ခေတ်ပြိုင် သတင်းဌာနမှ ကူးယူဖော်ပြပါသည်)

Read more...

No comments:

Post a Comment